ညချမ်းရဲ့လေထုက အေးမြလျှက်ရှိသည်။အိမ်နားကပ်ကာစိုက်ပျိုးထားတဲ့ စံပယ်ရုံကြီးဆီက သင်းပျံ့နေတဲ့ရနံကိုလဲရှူရှိိုက်နေမိသည်။ကိုကိုနဲ့ကျွန်တော် မိဇူးလို့ခေါ်တဲ့ကောင်မလေးရဲ့အိမ်ကို အလည်ရောက်နေတာဖြစ်သည်။သူ့မိဘတွေရောထိုကောင်မလေးကပါကိုကို့ကို အလေးပေးဆက်ဆံတာကြောင့် ကျွန်တော့်စိတ်ထဲမှာဘဝင်မကျ။ခပ်နုံနုံဖြစ်တဲ့ကိုကိုက ဘာမှမသိနိုင်ပေမယ့် ကျွန်တော်ကတော့အရိပ်ရောင်တွေကို ကြိုမြင်နေသည်။ဘာပြသနာမှမဖြစ်ပါဘဲနဲ့ ထိုကောင်မလေးကို မျက်မုန်းကျိုးမိခြင်းက ပူလောင်ခြင်းတစ်ခုလိုပင်။
"ဒီဘက်က ဧည့်သည်လေး၊သရက်သီးယိုလေးရော၊လက်ဖက်သုပ်လေးရော သုံးဆောင်ပါအုံးကွယ်..."
အသက်လတ်ပိုင်းအရွယ်အမျိုးသမီးကြီးက ကိုကိုနဲ့စကားပြောနေရင်း ကျွန်တော့်ကိုလဲဧည့်ခံသည်။သစ်သားစားပွဲကြီးပေါ်က လင်ဗန်းအကြီးကြီးထဲမှာ ရေနွေးအိုးနဲ့လက်ဖက်ပန်းကန်၊သကြားလုံးတွေကိုလဲချကာ ဧည့်ခံထားသည်။အန်တီက အရေးတယူနဲ့ဧည့်ခံပေမယ့် ဟိုကောင်မလေးကတော့ ကိုကို့ကိုသာ အာရုံစိုက်နေသည်။
"ကြယ်တာရာဆွေး..စားလေ။သရက်သီးကိုခြစ်ပြီး ထုံးရေကြည်နဲ့စိမ်ပြီးတော့မှ သကြားနဲ့ယိုထိုးထားတာ။စားလို့ကောင်းတယ်စားကြည့်.."
သူ့ကိုအကဲခတ်နေမှန်းသိလို့ထင်ပါတယ်။ကိုကိုက ကျွန်တော့်ကို ယိုထိုးပုံကိုသေချာရှင်းပြနေသည်။ရေနွေးခွက်ကိုတစ်ကျိုက်မော့ရင်း မြို့ကအဖြစ်အပျက်တွေကို စီကာပတ်ကုံးပြောပြနေတဲ့ကိုကိုက စကားပြောကောင်းလှသည်။ဟိုကောင်မလေးကလဲ ကိုကို့မျက်နှာမှာကလွဲရင် ဘေးဘယ်နေရာကိုမှ အကြည့်မရောက်။
"မသက်ရဲ့ စိုက်ခင်းကတော့ အကျိုးပေးချက် အလွမ်းရယ်။ပြောမှာသာပြောရတယ် မသက်က ခြေဆိပ်လက်ဆိပ်ရှိတယ်ဟဲ့။သူများနဲ့တောင်မတူဘူး..သူဘာပဲစိုက်စိုက်ဖြစ်ထွန်းတာကြီးပဲ။အခုလဲ ကြည့် ကိုသိန်းဇော်တောင်ဘာမှမပင်ပန်းဘူး။သူ့ခြေသူ့လက်နဲ့ ဖြစ်ထွန်းလာတာတွေကြီးပဲ.."
ဟိုးကျွန်တော်တို့ငယ်ငယ်တုန်းက ခြံထဲမှာ ဘဲပဲစိုက်စိုက်ဖြစ်ထွန်းခဲ့တာများသည်။ဝက်တွေမွေးပြန်တော့လဲ သားတွေဖောက်ရောင်းပြီးအကျိုးပေးတာပဲ။ဒါပေမယ့် ဝက်မွေးတာကြာလာတော့ အဖွားရဲ့ကျန်းမာရေးထိလာခဲ့တယ်။ခေါင်းစွဲနတ်ကတော် ဟောတာကတော့ ဝက်နဲ့အကျိုးမပေးတာတဲ့။မေမေ့ယောက်မတွေဆိုရင်အပြစ်တွေပြောလိုက်ကြတာ။အဖွားက ဖေဖေ့ကိုချစ်တော့ ကျွန်တော်တို့နဲ့အတူနေတာလေ။အမွေတွေလိုချင်လို့ တမင်လုပ်တယ်ဆိုပြီးတော့တောင်အတင်းပြောခဲ့ကြသေးတာ။တကယ့်ဆွေမျိုးတွေပါပဲ။
BẠN ĐANG ĐỌC
ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)Completed