Part☁21(U)

1.7K 122 6
                                        

"ဆရာအကိုကြီး..ထေတာ့ဗျာ"

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတုန်း လက်မောင်းတွေကိုလှုပ်ကာနှိုးလိုက်တဲ့အသံကြောင့် စိတ်တိုသွားမိသည်။တစ်ပတ်မှတစ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့လေးမှာ ပင်ပန်းထားသမျှတွေကို အတိုးချပြီးအိပ်တတ်သူဖြစ်တာကြောင့်ပင်။အိမ်မှာနေတုန်းကဆိုရင်လဲ ဆန်းဒေးမနက်ဆို ကျွန်တော်စောစောမထဖြစ်တာများဖြစ်ခဲ့သည်။ကျွန်တော့်အကြောင်းကို သိနေတဲ့သူတွေဖြစ်တာကြောင့် ဘယ်အချိန်ထိဆက်အိပ်အိပ်မနှိုးကြပဲ ပစ်ထားကြတာ။ဒီကောင်လေး အဆဲမခံရတာကိုပဲ ကံကောင်းတယ်လို့ဆိုရပေအုံးမည်။

"ဘာလဲ..ငါအိပ်ရေးမဝသေးဘူး။..."

မျက်လုံးတွေကို ပွတ်ကာဖွင့်ကြည့်လိုက်တော့ ကျွန်တော့်အနားမှာ ဇိမ်ပြေနပြေထိုင်ပြီးကြည့်နေတာကြောင့်မလုံမလဲ ဖြစ်ရသည်။အိပ်ရာထကာစဖြစ်တာကြောင့် မျက်ဝတ်တွေထွက်ကာ ဆံပင်တွေလဲရှုပ်ပွနေမှာ။ကိုယ့်ကိုကို မလုံလဲတဲ့ခံစားချက်ဖြစ်တာကြောင့် ခြုံထားတဲ့စောင်ကို ခေါင်းအထိဆွဲခြုံလိုက်ရသည်။ဒါကိုလက်မခံဘဲ အတင်းဆွဲချနေတဲ့သူက ကျွန်တော့်ကိုသူပိုင်တဲ့အရုပ်လေးတစ်ခုနှယ်။

"ထပါဆိုဗျာ။ခုနေ့ အပြင်သွားမယ်လို့ ကတိပေးထားတယ်လေ။ကိုးနာရီထိုးနေပြီ။မစောတော့ဘူး။ကျွန်တော်တောင်အကုန်ပြင်ဆင်လို့ပြီးနေပြီ။ထတော့.သွားရအောင်."

"မင်း..အရမ်းဇယားရှုပ်တယ်။တစ်ပတ်မှတစ်ရက်လေးတောင် အိပ်ရေးဝဝမအိပ်ရတဲ့အဖြစ်။ငါ့ဘဝက တော်တော်သနားစရာကောင်းနေပြီ."

"ပြီးမှဆူဗျာ။မြန်မြန်ထတော့ ခုနေ့တစ်နေ့လုံး ကျွန်တော်တစ်ယောက်တည်းကိုပဲ အချိန်ပေး..."

ဒီကောင်လေးကတော့ ကျွန်တော့်ကိုမြင်တိုင်း အချိန်တွေပေးဖို့ပဲပြောနေတော့တာပဲ။တကယ်မလွယ်တဲ့ကောင်လေး။

"မရဘူးကောင်လေး။အပြင်သွားဖို့ပဲ ငါလိုက်ခဲ့မှာ။စာသင်ချိန်အစားထိုးဝင်ပေးဖို့တွေရှိသေးတယ်။နေ့လည်တစ်နာရီမထိုးခင်ထိတော့ အချိန်ပေးလို့ရတယ်။စာသွားမသင်လို့မရဘူးကောင်လေး.ငါ့ဘက်ကလွန်နေပြီ"

ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)CompletedNơi câu chuyện tồn tại. Hãy khám phá bây giờ