စာမေးပွဲကြီးဖြေဖို့ သုံးရက်သာလိုတော့တာကြောင့် ကြယ်တာရာဆွေးတို့ စာတွေအသဲအသန်လုပ်နေတယ်လို့ထင်မိရင်မှားပါလိမ့်မည်။စာကြည့်စားပွဲမှာထိုင်ရင်း တောင်အီမြောက်အီ အတွေးတွေနဲ့ ထိုင်နေသည်မှာ ဘယ်နှစ်နာရီလောက်ရှိနေပြီလဲတောင်မမှတ်မိတော့။ဆရာအကိုကြီး ကျွန်တော့်ဆီစာသင်မလာတာလဲ သုံးရက်ခန့်ရှိပြီ။
ဘာအကြောင်းကြောင့် ကျွန်တော့်ကိုစိတ်ဆိုးသွားလဲဆိုတာ ရေရေရာရာအဖြေမထုတ်တတ်ပေမယ့် အပြစ်မကင်းသလိုခံစားရနေရသည်။
စာကျက်ရတာ ပျင်းလာလို့ဖုန်းသုံးမိရင်လဲ ရေဒီယိုကမာရွတ်သီချင်းက ကြီးစိုးနေတော့သည်။ဦထီးရဲ့ အသံချိုချိုလေးနဲ့သီချင်းက တစ်ခုခုကိုလွမ်းဆွေးသွားလောက်အောင်လုပ်နိုင်သလို၊ကျွန်တော့်အတွက်ဆိုရင်လဲ ဆရာအကိုကြီးကို ပိုလွမ်းသွားစေတယ်။သူအမြဲညည်းနေကျ သီချင်းပေကိုး..
အိပ်ရေးဝအောင်အိပ်မယ်ကြံတော့လဲ သူ့အကြောင်းတွေးမိပြန်ရင် မျက်လုံးတွေက အလိုလိုကျယ်လာပြန်၏။ကျွန်တော်ကိုယ်တိုင်အဖြေမထုတ်တတ်ပေမယ့် ဆရာအကိုကြီးကျွန်တော့်အနားမှာမရှိရင် မနေတတ်တော့တဲ့လူတစ်ယောက်လိုခံစားရသည်။သူနဲ့ကျွန်တော်က ဆရာတပည့်သံယောဇဥ်သက်သက်ပဲလား၊ဒီထက်ပိုနေပြီလားဆိုတဲ့ မေးခွန်းတွေကလဲ ခေါင်းထဲမှာအပြည့်။ဆရာအကိုကြီးပေးတဲ့ မေတ္တာတရားတွေကိုပဲ အချစ်ဆိုပြီးထင်ရောင်ထင်မှား ဖြစ်နေခဲ့တာလား ကျွန်တော်အဖြေမထုတ်တတ်ပါ။
ကျွန်တော်အချစ်ကိုကြောက်သည်။ခွဲခွာခြင်းဆိုတဲ့ နိယာမမှာ အချစ်လဲပါသည်။သံယောဇဥ်တွေဘယ်လောက်ပဲရှိနေခဲ့ပါစေ၊စိတ်ပျက်သွားဖို့၊ကျောခိုင်းလက်ပြကြဖို့အတွက် ငါးစက္ကန့်လောက်အချိန်ဆိုရင်လဲ လုံလောက်သည်။ကျွန်တော့်ဘက်ကလဲ ဆရာအကိုကြီးအပေါ်အဆင့်မတက်ရဲ။ကျွန်တော်ဖွင့်ပြောလိုက်မှ သူကျွန်တော့်အပေါ်ပေးနေတဲ့ မေတ္တာတရားတွေပျောက်ပျက်သွားမှာ၊မချစ်နိုင်ပါဘူးဆိုတဲ့ စကားသံတွေကို ခံနိုင်ရည်ရှိမှာလဲ မဟုတ်။ဒီအတိုင်း..ဒီအတိုင်းလေးပဲ ဆရာအကိုကြီးအနား ကျွန်တော်ရှိနေချင်တာပါ။
ВЫ ЧИТАЕТЕ
ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)Completed