Part🌵29(U)

1.4K 93 3
                                        

ကျွန်တော်တို့ပုဂံကိုရောက်တာနဲ့ မြင်းလှည်းငှားကာ ဟိုတယ်ကိုထွက်လာခဲ့ကြသည်။နှစ်ယောက်ခန်းကြိုတင်စီစဥ်ပြီးသားဖြစ်တာကြောင့် တစ်ယောက်တစ်ခန်းနေဖို့လဲ စောဒကမတက်တော့ပေ။ပွင့်လင်းရာသီဖြစ်တာကြောင့် ခရီးသွားဧည့်သည်တွေများကာ ဟိုတယ်အခန်းခတွေလဲ စျေးကြီးပေးရသည်။King bed sizeကုတင်ကြီးနှစ်လုံးကအခန်းရဲ့ထောင့်တစ်ခုစီမှာ ချထားပြီးအဖြူရောင်အိပ်ရာခင်းတွေကိုလဲ ပြန့်နေအောင်ခင်းထားသည်။အလွန်ရောက်ဖူးချင်နေတဲ့ ခရီးတစ်ခုကို မမျှော်လင့်ဘဲရောက်ခဲ့ရတာကြောင့်ပျော်တာကတစ်မျိုး၊တိတ်တခိုးစွဲလမ်းရတဲ့အမျိုးသားလေးနဲ့အတူရှိနေတယ်ဆိုတဲ့အသိက ခန္ဓာကိုယ်မှာရှိနေသမျှ သွေးဆဲလ်တွေကို ပြောင်းပြန်စီးအောင်လုပ်နေသလိုပင်...

"ဟူး...ပင်ပန်းလိုက်တာ.."

ပါလာတဲ့အထုပ်အပိုးတွေကို ကြမ်းပေါ်ပစ်ချရင်း အိပ်ရာပေါ်ပစ်လှဲချလိုက်သည်။တစ်လမ်းလုံးအညောင်းမိလာကြောင့် လှဲချလိုက်ကာမှ အကြောချဥ်တွေ​ပြေသွားသလို ခံစားလိုက်ရသည်။ကြယ်တာရာဆွေးက ကျွန်တော့်နောက်က ကပ်ပါလာရင်း အထုပ်အပိုးတွေကို သေချာနေရာချနေသည်။

"ကိုကို..အိပ်မနေနဲ့တော့ဗျာ။ရေမြန်မြန်လေးချိုးလိုက်၊ပြီးရင်ကျွန်တော်တို့ တန့်ကြည်တောင်ဘက်ကူးရအောင်.."

စရောက်တဲ့နေ့လေးတော့နားရမယ်လို့ထင်ထားလိုက်တာ ခုတော့မှန်းချက်နဲ့၊နှမ်းထွက်မကိုက်တော့ပေ။ပြီးတော့ ကိုကိုဆိုတဲ့စကားလုံး..ကျွန်တော်ဘယ်လိုမှနားထဲမှာကြားရတာ အဆင်မပြေ။တစ်ခါမှအခေါ်မခံရဖူးတာကြောင့် ရှက်သလိုပင်ဖြစ်ရသည်။ဟိုကောင်လေးကတော့ ဘာကိုမှ ဂရုမစိုက်ပဲ.သူလုပ်ချင်တာ လုပ်မယ့်ပုံ။

"နေအုံး..ဆယ်မိနစ်လောက် မှေးပါရစေအုံး။မင်းကတစ်လမ်းလုံးအိပ်လိုက်လာတာဆိုတော့ ဘယ်အိပ်ချင်ပါ့မလဲ။မင်းရေချိုးလိုက်လေ..ပြီးမှငါ့ကိုနှိုးပေါ့.."

"ပြီးရောဗျာ..ခုနေ့မသွားလို့မရဘူးနော်ကိုကို။ကျွန်တော်နှိုးတာနဲ့ချက်ချင်းထရမယ်။အဲ့ဒါကြောင့် ရထားပေါ်မှာတည်းက အိပ်ပါလို့ပြောတဲ့ဟာကို နားမထောင်ဘဲ တွေ့သမျှလူကိုရထားပေါ်က လက်ပြနေတာလေ။ခံပေါ့...."

ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)CompletedNơi câu chuyện tồn tại. Hãy khám phá bây giờ