Part🌵39(U)

1.1K 76 2
                                        

"နွားနို့က ကျိုပြီးသားလို့ပြောနော် အလွမ်း။ကြက်ဥကလဲ ပြုတ်ပြီးသား။မွေးမြူရေးကြက်ဥမဟုတ်ဘူး..တောကြက်ဥဆိုတာလဲ သေချာပြောလိုက်အုံးနော်။ရော့..သားက ဖီးကြမ်းခိုင်ယူသွားချေ။လက်ရင်းသီး၊ခြံထဲအပင်ဇက်ကျိုးကျလို့ ခုတ်လာတာလို့လဲ သေချာလျှောက်ကြအုံးနော်.."

မနေ့ညက လေတွေထန်ကာမိုးရွာတာကြောင့် ကန်ရေတွေပြန်တက်လာခဲ့သည်။သီးနှံအပင်ပေါက်လေးတွေလဲ မိုးရေဝအောင်စွတ်လိုက်ရလို့ထသ်သည်။လန်းလန်းဆန်းဆန်းရှိနေကြ၏။အန်တီကတော့ မိုးရွာတာကြောင့်ဝမ်းသာမဆုံးဖြစ်နေသည်။လေတွေထန်တာကြောင့် ငှက်ပျောပင်တွေတော်တော်များများလဲကုန်ကြသည်။မနက်မိုးလင်းတော့ သရက်စီးစိမ်းတွေလဲ ကြွေကျနေသလို၊လဲနေတဲ့ငှက်ပျောတွေကိုလဲ ရှင်းလင်းရသေးသည်။ရောင်းဖို့အတွက်အဖီးတွေကို သပ်သပ်ထားရင်း၊ဆရာတော်ဖို့ကိုလဲ မမှည့်သေးတဲ့ လက်ရင်းသီးနှစ်ဖီးကို ယူလာခဲ့သည်။

"ညက မိုးတော်တော်ကြီးတာနော်။ကိုကိုမိုးရွာတာရောသိလား.."

အအိပ်မက်တဲ့သူကတော့ သိမယ့်ပုံမပေါ်ပါ။အိပ်လိုက်တာလဲ သိုးလို့။ကျွန်တော်စောင်ထခြုံပေးတာတောင် မသိတဲ့အထိပင်။

"မိုးရွာတာတော့မသိဘူး။အင်းစောင်ထခြုံပေးတာတော့သိတယ်။မနေ့က အန်တီဆွေ ဘဲဥလာကောက်တယ်ဆို။မင်းနဲ့တွေ့သွားတယ်မလား..."

"တွေ့သွားလို့ ဘဲဥဖိုးတောင်တောင်းထားလိုက်သေးတယ်။ကိုကိုနဲ့မတွေ့တာပဲ ကောင်းပါတယ်။မဟုတ်ရင် ကိုကိုလဲ အားနာပါးနာနဲ့ပေးလိုက်အုံးမှာပဲ။ကျွန်တော်နဲ့တွေ့တော့ ဟန်ကျပြီဆိုပြီးကောက်နေတာလေ။ဘယ်ရမလဲ ကျွန်တော်က ဘဲဥဖိုးတောင်းထားလိုက်တယ်.."

ငှက်ပျောဖီးတွေကို ဆွဲခြင်းထဲထည့်ကာသယ်ရင်း လမ်းကိုလဲဂရုစိုက်လျှောက်ရသည်။မိုးများတာကြောင့် တချို့နေရာတွေရေဝပ်သလို၊တစ်ချို့နေရာတွေမှာလဲ ရေတွေဖုံးနေသည်။ကိုကိုကတော့ ဘောင်းဘီရှော့ပင်လေးနဲ့မလို့ ခေါက်တင်စရာမလို၊ကျွန်တော်ကတော့ ဘောင်းဘီခြေဖျားတွေမှာတော့ ရေတွေစင်နေ၏။

"နောက်တစ်ခါလာကောက်ရင် တောင်းမထားနဲ့ ကြယ်တာရာဆွေး။တော်ကြာ အတင်းပြောခံနေရမယ်။ဧည့်သည်က ဧည့်သည်လိုမနေပဲ နေရာတကာပါတယ်ဆိုတဲ့စကားတွေ သူတို့ပြောကောင်းပြောနိုင်တယ်။မင်းအကြောင်း သွားပုပ်လေလွင့်ပြောရင်တော့ ငါခံမှာမဟုတ်ဘူးနော်.."

ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)CompletedМесто, где живут истории. Откройте их для себя