Part🌵31(U)

1.3K 105 4
                                        

သူနဲ့ကျွန်တော်တန့်ကြည်တောင်ပေါ်မှာ တစ်ညအိပ်ခဲ့ကြပြီးနေထွက်ချိန်ကိုလဲ အတူကြည့်ခဲ့ကြသေးသည်။ကြယ်တာရာဆွေးရဲ့ အတွေးတွေကဆန်းသစ်နေသလို၊ဘယ်သူမှလိုက်လို့မမှီလောက်အောင် ရင်ခုန်စရာကောင်းတယ်။အာကာသဟင်းလင်းပြင်ကြီးကို ဒီလိုတန်ခိုးကြီးဘုရားပေါ်ကမြင်နေရတဲ့မြင်ကွင်းက တစ်သက်လုံးမေ့နိုင်စရာမရှိလောက်အောင်ပင်။
တန့်ကြည်တောင်ပေါ်မှာ ဒီလိုကတိစကားတွေတောင်းရမယ်လို့ ဘယ်သူကပြောခဲ့တာလဲတော့မသိ။ဒီကောင်လေးက သူများလုပ်သလိုလိုက်လုပ်မယ့်ပုံမဟုတ်မှန်းအတပ်သိတာကြောင့် ဒီမေးခွန်းကိုမမေးလိုက်တော့ပါ။

"လာငါ့ညီတို့...ခုမနက်တစ်ခေါက်ပို့ပြီးတော့ ငါညီတို့ဆင်းလာတာမြင်တာနဲ့စောင့်နေတာ။."

မနေ့ကစက်လှေသမားအကိုက ကျွန်တော်တို့နှစ်ယောက်ကို လက်ရာလှမ်းခေါ်သည်။တောင်ပေါ်ဖြစ်တာကြောင့်အနည်းငယ်ချမ်းစိမ့်စိမ့်ဖြစ်တာရယ်၊သက်တောင့်သက်သာမရှိတာရယ်ကြောင့်ကောင်းကောင်းအိပ်လို့မရခဲ့။နေအလင်းရောင်စထွက်တဲ့အချိန်ရောက်တော့ကြယ်တာရာဆွေးက ကျွန်တော့်ကိုနှိုးပြီးနေထွက်ချိန်ကိုပြခဲ့တာ။နေထွက်ချိန်ဟာလဲ..နေဝင်ချိန်နည်းတူ လွမ်းမောစရာကောင်းလှတယ်။

"ကိုကိုအရင်တက်လေ မကြောက်နဲ့ကျွန်တော်ထိန်းကိုင်ထားပေးမယ်..."

လူကနုန်းချိလို့နေတယ်။အိပ်ရေးမဝတာကြောင့်ဖြစ်တာမှန်းလဲ ကျွန်တော်သိသည်။တစ်မှေးလောက်မှေးလိုက်ပြီး၊ဟိုတယ်ရောက်လို့ရေချိုးလိုက်ရင်တော့ လန်းဆန်းသွားမှာပါ။ခုနေ့လဲ ဘယ်ဆက်သွားဖို့စီစဥ်ထားမှန်းမသိ။ကျွန်တော်အိပ်ရေးဝနေမှဖြစ်မယ်။

"ကိုကို အိပ်ချင်လို့လား..."

"ဟုတ်တယ်။ငါအိပ်ရေးသိပ်မဝဘူး။ငါ့ကိုနှိပ်စက်နေတာလားကြယ်တာရာဆွေး။တကယ်ပင်ပန်းနေပြီမရတော့ဘူး..အရမ်းအိပ်ချင်နေပြီ.."

ဆံပင်တွေက မျက်နှာထက်မှာ မသေမသပ်ဖြစ်နေသလို ကျွန်တော့်လက်နဲ့ထိုးဖွပေးလိုက်တော့လဲ ရုန်းကန်ခြင်းမရှိဘဲ မျက်လုံးကိုစုံမှိတ်ထားသေးသည်။အိပ်ရေးမဝသေးတာကြောင့် ကျွန်တော့်ကိုလဲ စိတ်ကြည်ပုံမရ၊ဘာစကားမှမပြောပဲ စက်လှေပေါ်မှာငြိမ်ငြိမ်လေးထိုင်လိုက်ခဲ့ပါတယ်။
မြစ်ပြင်ဧရိယာမှာ တစ်ရိပ်ရိပ်မောင်းနှင်လာတဲ့စက်လှေတွေက ကမ်းစပ်ကိုကပ်လာကြပြီး၊ခရီးသွားတွေ၊ဘုရားဖူးတွေနဲ့ တစ်ဖန်သက်ဝင်လှုပ်ရှားလာကြပြန်သည်။

ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)CompletedWhere stories live. Discover now