Part☁️17(U)

1.8K 123 5
                                        

"ကောင်မတွေရေ အထူးသတင်းရှိတယ် လူစုံကြပြီလား.."

Messenger Groupထဲမှာ ကျွန်မစာပို့လိုက်တော့  memberဝင်သူငယ်ချင်ချင်းတွေက ချက်ချင်းseenပြလာကြသည်။ကျွန်မအပါဝင်မိန်းကလေးလေးယောက်စုထားကြတဲ့ အဖွဲ့ဖြစ်သည်။ငယ်ပေါင်းတွေမဟုတ်ဘဲ၊facebookတစ်ခွင်မှာ Warပွဲတွေကစပြီးခင်မင်ခဲ့ကြခြင်း။တစ်ယောက်ထိရင် အုပ်စုလိုက်ပါပြီးဆဲတတ်တဲ့ ကျွန်မတို့က အဖွဲ့အားကိုးနဲ့လူမိုက်လုပ်နေခြင်းဖြစ်သည်။

"အေး.vcခေါ်လိုက်ဟဲ့."

Vcခေါ်လိုက်တော့ နွေဦးရဲ့ရုပ်ပုံက ထမင်းပန်းကန်ကိုကိုင်ရင်း ထွက်လာသည်။အရေးကြီးသတင်းဆိုတော့ သူလဲ စိတ်ဝင်စားမယ်ထင်ပါတယ်။

"ဟဲ့ ဟိုဒေါက်တာမက ခုည ဂျူတီမရှိဘူး။သူလဲဝင်လာလိမ့်မယ်.."

"ကျွန်မရောက်ပြီရှင့်.."

"ဝင့်လွှာရယ် နင်နဲ့Vcပြောဖို့ကလဲ ဘုရားတစ်ဆူပွင့်လောက်အောင်ကိုစောင့်ရတယ်။ကြည့်ပါအုံး ငါ့အသဲလေး ပိန်သွားလိုက်တာ."

"ဂျူတီချိန်တွေများတော့ အိပ်ရေးပျက်လို့ဘေဘီရယ်။ပိုးသွေးကလဲ နိုင်ငံခြားထွက်သွားတော့ ဆရာဝန်ကြီးက ငါ့ကိုပိုပြီးအားကိုးလာတယ်ဟ။Positionလဲ ကျပြီဆိုအလုပ်ပိုများတယ်။ကိုယ်ပိုင်ဆေးခန်းလေး ဖွင့်မလို့ကိုတောင်အချိိန်မရလို့ နှုတ်ဆိတ်နေရတယ်။ဒါနဲ့ အထူးသတင်းဆိုတာ ပြောအုံး ဘေဘီ.."

"အေးပြောမယ်ဟဲ့။ငါ့သားလေးက ပိုင်ခန့်ကို မကြိုက်ဘူးထင်ပါတယ်ဟယ်။ငါဘယ်လောက်ပဲ တွန်းပို့တွန်းပို့ အကန်တွေကြီးပြောတာဟေ့။"

ကျန်တစ်ယောက်က သင်တန်းချိန်ရှိနေတာကြောင့် Vcထဲဝင်မJoinဖြစ်။ကျွန်မတို့သုံးယောက်ချင်းသာ အပြန်အလှန်ပြောနေကြခြင်းဖြစ်သည်။ပိုင်ခန့်နဲ့အလွမ်းအတွက် ဘေဘီဘယ်လောက်ထိ ကြိုးစားခဲ့ရလဲ ကျွန်မတို့သိတာ​ကြောင့် ပိုင်လွမ်းအတွဲလေးကို real ဖြစ်စေချင်သည်။ပိုင်ခန့်ရဲ့အတွင်းစိတ်ကိုသိတဲ့အခါ ဘေဘီကအလွမ်းနဲ့ပိုင်ခန့်အဆင်ပြေစေရမယ်ဆိုပြီး ချည်းကပ်ခဲ့တာ။သူ့ရည်ရွာ်ချက်ကိုက ချစ်တဲ့သူတိုင်းညားကြဖို့တဲ့။

ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)CompletedМесто, где живут истории. Откройте их для себя