Part🌵30(U)

1.2K 89 6
                                    

"ဘာလို့ အဲ့လောက်အများကြီးအကုန်ခံရတာလဲ။နောက်နေ့မှသွားတော့ရော ဘာထူးမှာကျနေတာပဲ."

ကိုကိုကတော့ ပိုက်ဆံအပိုကုန်တယ်ဆိုကာ စက်လှေစထွက်ကတည်းက ကျွန်တော့်ကိုဆူနေတာဖြစ်သည်။ကျွန်တော်ကိုယ်တိုင်ကလဲ ဒီလိုအပြောလေးတွေကိုမှ မကြားရရင်စားမဝင်အိပ်မပျော်သလိုခံစားရတာကြောင့် ခုမှပဲနေသာထိုင်သာရှိသွားတော့တယ်။

"အဲ့ဂစ်တာကြီးကို ချထားစမ်းပါ။ငါပြောနေတာမကြားဘူးလား။ပြောတော့ ပိုက်ဆံတွေအပိုမဖြုန်းတော့ပါဘူးဆို..မင်းအခုလုပ်နေတာတွေက သုံးတာမဟုတ်ဘူးဖြုန်းနေတာ။အဲ့ဒါရောသိရဲ့လား..."

"မဆူနဲ့..ငရဲကြီးတတ်တယ်။.."

"ငါကအကြီး..မင်းကိုဆူလို့ရတယ်။ဘာမှငရဲမကြီးသလိုအပြစ်လဲမရှိဘူး။မင်းသာငါ့ကို တစ်ခွန်းမခံပြန်ပြောနေတာ မြေမျိုလိမ့်မယ်.."

"ဦးချရင်ကြေတယ်ဆို..ဦးချမယ်လေဗျာ။နော်..နော်.."

လူတစ်ယောက်ရဲ့အကြောင်းကိုသိချင်ရင် ခရီးအတူသွားပါတဲ့။တခြားသူတွေတော့မသိဘူး.ကျွန်တော်ကတော့ ကြယ်တာရာဆွေးရဲ့လူကြီးဆန်မလိုနဲ့ကလေးဆန်နေတဲ့အကွက်တွေကို လက်ဖျားခါရသည်။ခရီးသွားရတာ ဝါသနာထုံပေမယ့် အပင်ပန်းမခံနိုင်တာကြောင့် ပါရာတစ်လုံးကိုသောက်ထားလိုက်မိသည်။မဟုတ်ရင် ကိုယ်တွေလက်တွေနာပြီးဖျားမှာသေချာနေသည်။

"မင်းအစ်မနဲ့ ပိုင်ခန့်ပြတ်သွားပြီဆို၊ငါ့ကိုပိုင်ခန့်ပြောတယ်..."

"ဟုတ်တယ်..ဟိုကောင်ဖြတ်လိုက်တာတဲ့။ဘာတဲ့..ချစ်မချစ်မသေချာခဲ့ပဲတွဲလိုက်မိလို့ တောင်းပန်ပါတယ်တဲ့။ပြီးတော့ သူချစ်ရတဲ့သူလဲ ရှိပါတယ်တဲ့လေ..အစ်မကိုယ်တိုင်အိမ်မှာလာပြောပြတာ.."

သူတို့တွဲနေတုန်းကတောင် ဘေဘီရဲ့ချစ်တတ်မှုတွေကို ကျွန်တော်အားကျခဲ့ရတာ။ကိုယ်ချစ်တဲ့ယောကျာ်းတစ်ယောက်ဆီက လမ်းခွဲစကားအပြောခံရတဲ့ မိန်းကလေးတစ်ယောက်​ဖြစ်နေ​ေတာ့ခံနိူင်ရည်တောင်ရှိပါ့မလားဆိုပြီး ကျွန်တော်တွေးပူလိုက်မိသေးသည်။ပိုင်ခန့်..တကယ်မကောင်းတဲ့ကောင်.

ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)Completedحيث تعيش القصص. اكتشف الآن