Part🌵36(U)

1.2K 72 2
                                        

တစ်ညလုံးအိပ်မပျော်ဘဲ အတွေးတွေပျံ့လွင့်နေတာကြောင့် ဂစ်တာကိုဆွဲကာ ကန်ဘောင်ထက်မှာတီးနေမိသည်။အချိန်တွေဘယ်လောက်ကြာသွားတယ်မသိ၊ကျွန်တော်အိပ်ဖို့ပြန်လာတော့ ကိုကိုအိပ်ပင်ပျော်နေပြီ။သက်ပြင်းတွေကိုအကြိမ်ကြိမ်ချရင်း အနာဂါတ်တွေအကြောင်းတွေးတောနေမိတယ်။ကိုကိုက တစ်ခြားသူရဲ့ရည်ရွယ်ချက်ကိုမမြင်ပဲ အားနာတတ်တဲ့စိတ်နဲ့အကောင်းမြင်တတ်ပေမယ့်၊ကျွန်တော်လို အသက်ငယ်တဲ့သူတောင်အရိပ်အကဲကို သူ့ထက်နားလည်တယ်။

ပြီးတော့ ရန်ကုန်မှာသာပြန်နေရင် ကိုကောင်းကောင်းတို့လဲမရှိပဲသူတစ်ယောက်တည်း၊ကျွန်တော်ကလဲ နိုင်ငံခြားထွက်မယ်ဆိုရင် ဖြူစင်နေတဲ့ကိုကို့ဘဝလေးက အရောင်ဆိုးဖို့ပိုလွယ်သွားလိမ့်မယ်။ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်ဆိုတဲ့ ပုံစံမျိုးပဲ ကိုကိုရဲ့အပြုအမှုတွေက။သူလုပ်တာ၊သူပြောတာ၊သူစီစဥ်တာတွေမှ အမှန်ဆိုတဲ့စိတ်နဲ့ ကိုကိုကရပ်တည်နေတာ။ခုညကိစ္စကလဲ သွေးရိုးသားရိုးမဖြစ်နိုင်တာကြောင့် စိုးရိမ်စိတ်တွေနဲ့နောက်ဆံတင်းမှုတွေက တရိပ်ရိပ်တိုးလာသည်။ကျွန်တော် စိတ်မချလို့ဖြစ်နေတယ်ဆိုတာကိုရော ကိုကိုနားလည်ရဲ့လား..

နွေရောက်ပြီဆိုပေမယ့် ပူအိုက်မနေပဲလေတဖြူးဖြူးတိုက်နေတာကြောင့် အေးမြမြရှိနေသည်။ချည်စောင်အပါးလေးကို ကိုကို့ကိုယ်ပေါ်ကိုလွှမ်းခြုံပေးရင်းမှ သက်ပြင်းချရတာလဲ အကြိမ်ကြိမ်။ကျွန်တော်မထိတွေ့ရသေးတဲ့ နှုတ်ခမ်းဖူးလေးတွေ၊သနပ်ခါးနံ့အမြဲသင်းနေတဲ့ပါးပင်လေးတွေ၊ဖယောင်းလိုပျော့တွဲတွဲဆံသားလေးတွေ..ဒီအရာတွေအားလုံးကို ကျွန်တော်မြတ်နိုးတယ်။အချစ်ဆိုတဲ့စိတ္တဇနာမ်က ပိုင်ဆိုင်ခြင်းက အထူးပြုတယ်၊အဲ့ဒီထက် ကျွန်တော်ကပိုပြီးတန်ဖိုးထားချင်တာ။

ကိုယ့်ကိုကိုယ်လဲ အကြိမ်ကြိမ်မေးပြီးပြီ၊သေချာရဲ့လား..ကျွန်တော်ရွေးချယ်မယ့်လမ်းဟာ အရမ်းကြမ်းတမ်းမယ်ဆိုတာတွေရော ခံနိုင်ရည်ရှိပါ့မလားဆိုတဲ့ အတွေးတွေ၊စိတ်ရှုပ်စရာတွေက ကိုကို့မျက်နှာလေးမြင်လိုက်ရရင်ကို အလိိုလိုပြည့်စုံသွားသလိုမျိုး၊စစ်ပွဲတစ်ရာကို အောင်နိုင်လိုက်သူလိုခံစားချက်။ကျွန်တော့်မှာ ကိုကို့အတွက်ဆို အရာရာကို ရင်ဆိုင်နိုင်ဖို့ သတ္တိတွေအပြည့်ရှိပါတယ်။

ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)CompletedWhere stories live. Discover now