Part☁12(U)

2K 111 0
                                        

*ဟေမာန်ဆောင်းဦးကို
တေးညည်းဆိုကြိုမယ့်ငှက်ငယ်လေးရယ်
ဘယ်ဋ္ဌာနေမှာမင်းမှေးဆက်
နေပျော်နေသလဲကွယ်.....

သင်ပြန်လာမယ့်လမ်းကြောင်းတစ်လျှောက်
အစဉ်ပဲစောင့်မျှော်မိတယ်
နေရာဟောင်းလေးမှာ
ပြန်လည်ဆုံဆည်းကြစို့ကွယ်......

အပင်ခိုနားရင်းနဲ့
​ချွေးသိပ်ဖြေနေခဲ့ဖြစ်စဉ်လေးမှာ
ဒီရင်ခွင်ကို မင်းမေ့ရက်နေနိုင်တယ်လားကွယ်....

အတူနေစဉ်မှာထားတဲ့ကတိတွေ
အလွယ်ဆုံးမမေ့နိုင်သေးရင်
နေရာဟောင်းလေးမှာ
ပြန်လည်ဆုံဆည်းကြစို့ကွယ်.....

ပိုင်ခန့်ကိုလိုက်ရှာနေရင်း မောင့်ကညှာစားသောက်ဆိုင်လေးထဲက ထွက်လာတဲ့သီချင်းသံကို သေချာနားစွင့်နေမိသည်။ဦးခိုင်ထူးရဲ့နေရာဟောင်း ဆိုတဲ့သီချင်းကို အသံနေအသံထားမှန်မှန်နဲ့သီဆိုနေတဲ့အသံကို ကျွန်တော်ရင်းရင်းနှီးနှီးသိနေသည်။ဆိုင်အဝကနေ သွားကြည့်ရင်လဲမသင့်တော်သလို၊တခြားဘက်က ပတ်ကြည့်ပြန်ရင်လဲ CCTV တွေကနေမြင်နေရတာကြောင့် သူခိုးဆိုပြီးလိုက်ရင်ပြေးပေါက်မှားမယ့်အခြေအနေ။
ဆိုင်အပြင် ခြင်ကိုက်ကိုက်မှာပဲစောင့်နေရမလားဆိုပြီးတွေးလိုက်မိပေမယ့် ပိုင်ခန့်ဖြစ်မနေဘူးဆိုရင် အချိန်ကုန်တာပဲ အဖက်တင်လိမ့်မည်။ဆိုင်ထဲဝင်သွားရင်လဲ တစ်ခုခုဝယ်မှ သင့်တော်ပေလိမ့်မည်။မဟုတ်ရင် အရူးဆိုပြီးမောင်းထုတ်မလား၊ဘာမှမစားဘဲ ပြန်ထွက်သွားတယ်ဆိုပြီး သရော်တဲ့မျက်ဝန်းတွေနဲ့ပဲကြည့်နေမလားဆိုတာ အမျိုးမျိုးစဉ်းစားရသည်။ပိုင်ခန့်ဟုတ်နေတယ်ဆို တော်ပါအုံးမည်။ပိုင်ခန့်မဟုတ်ဘဲ တခြားတစ်ယောက်ဖြစ်နေတယ်ဆိုရင်လဲ ပိုက်ဆံက အလိုလိုထွက်အုံးမှာ။ကပ်စေးနှဲတာမဟုတ်ပေမယ့် စားသင့်သလောက်တော့စားပါတယ်။ခုက အချိန်လွဲနေပြီးတော့ ဗိုက်လဲတင်းနေတာလေ။

ဝင်သင့်မဝင်သင့်စဉ်းစားနေရင်းမှ နောက်ဆုံးတော့ဆိုင်ထဲကို ဝင်လာခဲ့လိုက်သည်။အပြင်အဆင်တွေက မျက်စိလည်လောက်အောင်ဆန်းသစ်နေသလို၊စားပွဲဝိုင်းတိုင်းက ကောင်လေး၊ကောင်မလေးတွေတိုင်းက stageစင်မှာသာ အကြည့်တို့ပို့ထားကြ၏။ကျွန်တော်လဲstageနဲ့အနီးဆုံးနေရာကို ရွေးထိုင်လိုက်မိသည်။သင်္ကြန်ပန်းကုံးတွေက လည်ပင်းမှာဆယ်ခုလောက်ရှိနေသလို၊နှင်းဆီပန်းလေးတွေကပါ ပိုင်ခန့်ကိုပေးနေကြ၏။သူသီချင်းဆိုနေကျအသံကို ကြားဖူးပေမယ့်ခုလိုတေးဂီတ ဝိုင်းနဲ့ဆိုလိုက်တဲ့အသံနဲ့မတူဘဲ ကွဲထွက်နေသည်။အသံချိုသည်ဆိုတာထက် အသံလုံးကြီးကာ၊သြရှရှနိုင်တဲ့အသံအမျိုးစားဖြစ်တာကြောင့် သီချင်းသံကဟိန်းထွက်နေသည်။ပိုင်ခန့်က ခေတ်ပေါ်သီချင်းတွေရော၊နိုင်ငံခြားသီချင်းတွေကိုပါ ဆိုနိုင်ပေမယ့် ဒီသီချင်းကို ခံစားချက်အပြည့်နဲ့ဆိုနေပုံက တကယ်မိမိုက်နေသည်။

ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)CompletedOnde histórias criam vida. Descubra agora