Part☁13(U)

1.9K 112 4
                                        

ကြယ်တာရာဆွေး တို့အိမ်ရှေ့ကို ကျွန်တော်ရောက်သွားတော့ ခြံတံခါးကြီးလဲ ပိတ်ထားတယ်။ဒါပေမယ့် အိမ်ထဲမှာမီးတွေလင်းနေသလို၊ဆင်ဝင်အောက်မှာရပ်ထားတဲ့အန်တီရဲ့ကားလဲရှိမနေဘဲ ဆိုင်ကယ်တစ်စီးပဲရှိနေ၏။ကြယ်တာရာဆွေးတစ်ယောက်တည်းရှိနေတာတော့မဖြစ်နိုင်ပေ။ကောင်းကောင်းနဲ့အန်တီတွေ့သွားတယ်ဆိုတော့ အန်တီပြန်ရောက်နေလောက်ပြီ။အချိန်က လဲဆယ်နာရီခွဲနေပြီ။ဒီအချိန်ဖွင့်တဲ့ဆေးခန်းတွေရှိပါအုံးမလားဆိုပြီး တွေးမိပေမယ့်၊နီးစပ်ရာဆေးရုံကို သွားတာလဲ ဖြစ်နိုင်ပါသည်။ဖုန်းနံပါတ်က ကျွန်တော့်မှာမရှိတာကြောင့် ဆက်လို့မရ။အခြေနေသိရဖို့ ခြံအပြင်မှာပဲ စောင့်နေဖို့ ကျွန်တော်ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

"တီ..တီ.."

ရုတ်တရက်ထွက်လာတဲ့ ကားသံကြောင့် ကျွန်တော်လန့်သွားသည်။ကားတံခါးကိုဖွင့်ပြီးထွက်လာတဲ့သူက ကြယ်တာရာရဲ့အမေ။စပ်နေတဲ့ မျက်လုံး​တွေကို ပွတ်လိုက်ရင်းနာရီကြည့်လိုက်မိတော့ ဆယ့်နှစ်နာရီပင်ထိုးခါနီးနေသည်။ပလက်ဖောင်းပေါ်မှာ ကျွန်တော်ထိုင်နေရင်းအိပ်ပျော်သွားတာဖြစ်ရမည်။ထိုင်တာကြာလို့ညောင်းကိုက်နေတဲ့ ခြေထောက်ကို အားယူထလိုက်မိသည်။

"ဆရာလေး..ဘယ်အချိန်တည်းကရောက်နေတာလဲ။ကျွန်မ ဆရာလေးအိမ်ကိုရောက်သေးတယ်."

"မကြာသေးဘူး အန်တီ။ခုနကလေးတင်ကပါ။ကြယ်တာရာ ဘယ်မှာလဲအန်တီ။သူဘာဖြစ်သွားသေးလဲ။ဒဏ်ရာက များလား.."

ခြံသော့ဖွင့်နေတဲ့ အန်တီကိုအဆက်မပြတ်မေးခွန်းတွေထုတ်နေရသလို ကားကိုလဲမျက်ခြေမပြတ်ကြည့်နေမိသည်။ဒီအချိန်ဆေးခန်းသွားတာဆိုရင် ကားထဲမှာ ထိုကောင်လေးပါလာလိမ့်မည်။ဒါပေမယ့်ဘာအရိပ်ရောင်ကိုပင်မမြင်ရ။

"အိမ်ထဲအရင်ဝင်ရအောင်ပါ ဆရာလေး။ဒဏ်ရာက မများပေမယ့် ဘယ်ဘက်လက်ကိုတော့ထိသွားတယ်.."

"ဟုတ်အန်တီ။ကားအရင်သွင်းလိုက်ပါ။ကျွန်တော် ခြံတံခါးပိတ်ပြီးလိုက်လာခဲ့ပါ့မယ်.."

ခြံတံခါးသေချာပိတ်ကာ အိမ်ထဲကို မြန်မြန်လိုက်ဝင်လာခဲ့မိသည်။ဆိုင်ကယ်ဘေးတစ်ခြမ်းလုံးရစရာမရှိအောင်ပျက်စီးသွားသလို၊မဲညစ်ညစ်ရွှံ့နွံတွေပါ ပေနေပုံထောက်ရင် မြောင်းထဲကို ထိုးကျသွားတာပဲ ဖြစ်ပါလိမ့်မည်။ဒီကောင်လေး အရက်တွေဘာတွေများ သောက်လိုက်လို့မြောင်းထဲထိ ထိုးကျတဲ့အထိ ဖြစ်သွားတာလား။
ကားဘေးတံခါးတစ်ခုကိုဖွင့်ရင်း အန်တီရဲ့ပုခုံးကို အားယူကာ ဆင်းနေတဲ့ကောင်လေးကြောင့် အတွေးစတွေကိုဖြတ်ကာ ဘေးတစ်ဖက်မှကူတွဲလိုက်ရသည်။ပိန်ပိန်ပါးပါးခန္ဓာကိုယ်နဲ့ အန်တီထက် အရပ်အမောင်းထွားကြိုင်းတဲ့ကောင်လေးကို နှစ်ယောက်တွဲထားတာတောင် မနည်းအရှိန်ယူရသေးသည်။

ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)CompletedDonde viven las historias. Descúbrelo ahora