Part☁1(U)

7.2K 268 7
                                    

ဖော်ဖော်ဝါရီလတစ်ရက်၂၀၁၈

စားပွဲဝိုင်းပေါ်က အုပ်ဆောင်းကို ဆွဲလှန်လိုက်တော့ မေဆးရေသးတဲ့ ပန်းကန်သုံးလုံးက ဆီတွေပြောင်သလင်းခါအောင်နယ်ဖက်ခံထားရတာကြောင့် ဆေးစရာမလိုလောက်အောင်ပြောင်နေသည်။ခုညစာအတွက်လဲဘာမှချန်မထားမိဘူးဘဲ။ကြောင်အိမ်တံခါးကိုအသာဖွင့်လိုက်တော့ စည်တော်ကြီးလက်ဖက်ထုပ်အတွဲလိုက်က လှလှပပ၊ကျကျနနရှိနေ၏။

ပေါင်းအိုးထဲက ညစာအတွက်ချန်ထားတဲ့ထမင်းကို ယောက်မနဲ့ကော်ယူရင်း ကြွေပန်းကန်ထဲထည့်လိုက်၏။အဝါရောင်အပွင့်ခက်လေးတွေပါတဲ့ လက်ဖက်စားကြွေပန်းကန်အသေးတစ်ခုကို ပန်းကန်စင်ကနေဆွဲယူရင်း စားပွဲပေါ်တင်လိုက်၏။ပြေလုခါနီးဖြစ်နေတဲ့ ပုဆိုးကိုဆွဲချွတ်လိုက်တော့ ဒူးကျရှော့ပင်တစ်ထည်ကြောင့် ကလေးတစ်ယောက်လို ဖြစ်သွားမယ်ဆိုတာသေချာပါသည်။

ဘာလို့လဲဆို တွေ့တဲ့လူတိုင်းက ကျွန်တော့်ကို မွေးတိုင်းမှီဆိုပြီးသမုတ်ကြသလို၊ခန္ဓာကိုယ်က ပိန်လွန်းတယ်၊အရပ်ကပုလွန်းတယ်စသဖြင့် အကြံပြုချက်တွေကို ကြားခဲ့ရတဲ့သူဖြစ်တာကြောင့် နားရည်ဝနေခြင်းသာ။သံခြင်းလေးထဲက ကမ်းနားခရမ်းချဉ်သီးနှစ်လုံးကိုယူကာ ဘေဇင်မှာရေဆေးလိုက်သည်။ထို့နောက် ကပ်ကြေးနဲ့ခပ်ပါးပါးလေးတွေညှပ်ကာ ပန်းကန်ထဲထည့်လိုက်၏။ကြက်သွန်ဖြူနှစ်မွှာလောက်နွှာကာ ဓားနဲ့ခပ်သေးသေးလေးတွေ လှီးလိုက်၏။ဝေဖြိုးအစုံကြော်ပဲစေ့ထုပ်ကို ဖောက်ရင်း သုံးချိုးတစ်ချိုးလောက်ထည့်လိုက်၏။

"အား...ဆီများသွားပြန်ပြီ။သေမယ့်လက်."

အပိုအသုံးစရိတ်ခြွေတာဖြစ်အောင် တစ်လမှာဆီနှစ်ပိသာကို အကန့်အသတ်နဲ့သုံးဖြစ်တာကြောင့် တစ်ခါဆီပိုသုံးမိတာနဲ့ လမကုန်ခင်နောက်ထပ်ဝယ်ရနိုင်သည်။ကိုယ့်အချိန်အစကို ကိုယ်သိတာကြောင့် ဆီတစ်စက်လောက်များသွားတာကအစ သည်းမခံနိုင်။အရှိန်များသွားတဒ့ ကိုယ့်လက်ကိုပင် ဖြတ်ပစ်ရတော့မလိုပင်။

"ဟယ္လို..မေမေ"

လက်ဖက်သုပ်နေရင်း စားပွဲပေါ်တင်ထားတဲ့ဖုန်းက မြည်လာတာကြောင့် ကိုင်လိုက်၏။ဖုန်းခေါ်တဲ့သူက တခြားသူတော့နဟုတ်။မွေးသမိခင်ကျေးဇူးရှင်။

ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)Completedحيث تعيش القصص. اكتشف الآن