Part🌵22(U)

1.3K 92 8
                                    

အပြန်ကတော့ အသွားနဲ့မတူပဲ ကျွန်တော့်ဘက်ကတိတ်ဆိတ်နေသည်။စကားတွေတတွတ်ပြောနေတဲ့ကောင်လေးကို အင်း၊အဲလောက်သာပြောပြီး တခြားစကားဘာမှပြန်မပြောဖြစ်။ကျွန်တော်ဘာဖြစ်နေတာလဲဆိုပြီး အကဲခတ်နေနိုင်ပေမယ့် အဖြေရှာတွေ့သွားတဲ့ပုံတော့မဟုတ်။သူ့ဆီက အသက်ရှူသံပြင်းပြင်းကို ကြားလိုက်ရသလို၊သိသိသာသာ မြန်လာတဲ့ဆိုင်ကယ်အရှိန်ကိုလဲ သတိထားမိသည်။အရှိန်လျှော့ဖို့ကျွန်တော့်ဘက်က မပြောဖြစ်သလို၊ကောင်လေးကလဲ သူလုပ်ချင်ရာလုပ်မယ့်ပုံစံမျိုးဖြစ်တာကြောင့် ဘာစကားမှမပြောဘဲနှုတ်ဆိတ်နေမိသည်။

"ငါ့အိမ်ရှေ့မှာတင်ရပ်ခဲ့ပေး..ငါမင်းအိမ်မလိုက်ဘူး..."

"ဆရာအကိုကြီး ဘာဖြစ်သွားတာလဲ။ကျွန်တော်ဘာအမှားလုပ်မိလို့လဲ."

တစ်ခုခုလွဲနေတယ်လို့လဲထင်မိသည်။ကျွန်တော်ဘာအမှားလုပ်မိလို့ဆရာအကိုကြီးက လေသံမာမာနဲ့ပြောနေရတာလဲ။ဝမ်းနည်းလာသလိုဖြစ်လာတာကြောင့် ဘာလုပ်ရမှန်းမသိပဲ တောင်းပန်စကားကိုသာ အထပ်ထပ်ပြောနေမိသည်။ကျွန်တော်လောဘတက်လွန်းနေတာထင်ပါတယ်။ဆရာအကိုကြီးကို ကျွန်တော့်အနားကတစ်စက္ကန့်လေးတောင် ထွက်မသွားစေချင်လောက်တဲ့အထိလေ။

"မလုပ်မိပါဘူး။ငါစာသင်ရအုံးမယ်။စာသင်ဝိုင်းတွေပြန်မဝင်လို့မရဘူး။အဲ့ဒါကြောင့် ငါ့အိမ်ရှေ့မှာတင်ချပေးခဲ့..."

"ခုနေ့တစ်ရက်တည်းလေဗျာ။ကျွန်တော်အတန်တန်ပြောနေတာကို ဘာလို့ခေါင်းမာချင်ရတာလဲ။တကယ်ခုနေ့တစ်ရက်တည်းပါ။မနက်ဖြန်ကစ ကျွန်တော်အဲ့လိုမလုပ်တော့ပါဘူး ကတိပေးပါတယ်.."

သူ့အသံကို မကြားမှာဆိုးလို့ထင်ပါတယ် ဆိုင်ကယ်ကိုမသိမသာအရှိန်လျှော့ရင်း ပြောနေ၏။
ဒီတစ်ခါတော့ လိုက်လျောဖြစ်မှာမဟုတ်တော့ ကျွန်တော်သူ့ကိုစိတ်ဆိုးနေတာ ဖြစ်တာကြောင့်။
ဘာကြောင့်စိတ်ဆိုးနေတာလဲ၊ဘာကိုစိတ်ဆိုးနေတာလဲဆိုတဲ့မေးခွန်းကို ကျွန်တော့်ဘာသာပြန်မေးကြည့်မိသည်။မသိ..ကျွန်တော်ဘာကိုစိတ်ဆိုးသွားမှန်းတကယ်မသိတာ။စိတ်ထဲမှာ လေးလံပြီး နှမြောတွန့်တိုနေတာတော့အမှန်။

ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)CompletedHikayelerin yaşadığı yer. Şimdi keşfedin