Part🌵33(U)

1.3K 82 2
                                        

အကြောင်းစုံလျှင်
အလည်တစ်​​ခေါက်လာရောက်စေချင်တာ..

ဖျိုးဖျအမှောင်တွေသမ်း ရိုးမတောင်ခြေစခန်း
လှမ်းမျှော်ကြည့်ရင်ထဲမချိစရာ...

ညို့ညို့မှိုင်းကာ တောင်တန်းပြာကြီးမဝေးလှပါ
ညီလေးတို့ရွာ..သဘာဝအလှရှုခင်းများနဲ့သာ...

မြို့ကဝယ်လာတဲ့ဖွဲနုအိတ်တွေထဲက ပိဿာတောင်းနဲ့ခပ်ရင်း သီချင်းညည်းသံလေးက သာသာယာယာထွက်ပေါ်လာနေသည်။

ဘိုးဘွားအမွေအဖြစ်ကျန်ခဲ့တဲ့ ခြံကြီးက ဟိုးအရင်တုန်းကသစ်ပင်ဝါးပင်တွေ၊ခြုံနွယ်တွေနဲ့သာရှိနေခဲ့ပြီး၊ယခုလက်ရှိနဲ့တော့ကွာခြားသွားခဲ့ပြီ။ခြံထောင့်မှာစိုက်ထားတဲ့ဝါးရုံတွေကလွဲရင်ခြုံတွေနဲ့၊သစ်ပင်ကြီးတွေကို အချိန်ပေးပြီးတော်တော်ရှင်းယူခဲ့ရသည်။ဒီခြံကိစ္စနဲ့ပတ်သတ်ပြီးတော့လဲ အမျိုးတွေကြား ပြသနာတော်တော်ဖြစ်ခဲ့ရသေးတာ။အမွေဆိုင်ခြံဆိုကာ ယောက်ျားဘက်က ဆွေတွေမျိုးတွေကို ပိုက်ဆံအမ်းခဲ့ရတာတွေလဲရင်ဆိုင်ခဲ့ပြီးပြီ။

ဆွေမျိုးတွေကို ကြည့်ရှုစောင့်ရှောက်ခြင်းက မင်္ဂလာတစ်ပါးဆိုပြီး ဘုရားရှင်ဟောကြားခဲ့ပါတယ်။ဆွေမျိုးဆိုတာ ထင်းစည်းတစ်ခုလို စည်းလုံးရမယ့်အစား ကျွန်မကြုံရတဲ့ ယောက်မတွေကတော့ စီးပွားရေးဆန်လှသည်။ငွေကြေးဥစ္စာပြည့်စုံသူတွေဖြစ်ပေမယ့် အမွေဆိုငမ်းငမ်းတက်လိုချင်ကြတဲ့သူတွေ။ဒီခြံကြီးကို ငွေတွေအကုန်ကျခံပြီး ကန်ကြီးနှစ်ကန်တူးတယ်။မွေးမြူရေးလုပ်တယ်။သီးပင်စားပင်တွေစိုက်ပျိုးပြီး စျေးကွက်ကိုတင်သွင်းတဲ့အထိ ကျွန်မနဲ့ စိုက်ပျိုးမွေးမြူရေးက အကျိုးပေးလှတယ်။

နောက်ပိုင်းအရှိန်လေးရလာတော့ ခြံထဲမှာ အိမ်တစ်လုံးဆောက်ပြီး ညစောင့်ထားရတယ်။ရွာထဲက လုပ်နိုင်ကိုင်နိုင်တဲ့သူလေးတွေကို နေ့စားနဲ့ငှားပြီးခြံအလုပ်ကို ကျွန်မကပဲ ဦးဆောင်လုပ်ခဲ့ရတယ်။ယောကျာ်းဖြစ်သူကတော့ ဆွေတွေမျိုးတွေနဲ့မပြတ်နိုင်တာကြောင့် အခေါ်အပြောရှိပေမယ့်၊ကျွန်မကတော့ ခပ်မှန်မှန်သာနေဖြစ်သည်။စီးပွားရေး ကျပ်တည်းခဲ့တဲ့အချိန်တုန်းက ကျွန်မသားလေးအပေါ်ဖိခဲ့နှိပ်ခဲ့တာတွေက ခုအချိန်ထိအစိုင်အခဲတွေလို မကြေပျောက်နိုင်သေးပါ။သားကလဲ ကျွန်မနည်းတူ စိတ်ဓာတ်မာကျောသူဖြစ်တာကြောင့် ဆွေမျိုးတွေကြားအဆက်အသွယ်သိပ်မလုပ်ပဲ မောင်နှမဝမ်းကွဲတွေနဲ့တောင် စကားမပြော​ဖြစ်တာကြာခဲ့ပြီ။

ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)CompletedDonde viven las historias. Descúbrelo ahora