Part🐠45(U)

1.2K 60 4
                                    

ပလပ်ဖောင်းပေါ်မှာ ကစားနေကြတဲ့ကလေးတစ်ချို့လည်းရှိနေကြသည်။တစ်ချို့ကတော့ ကျွန်တော့်ကိုမှတ်မိသလို၊မမှတ်မိသလိုနဲ့ နှစ်ခါပြန်ကြည့်နေကြတယ်။နောက်ပေါက်ကလေးတွေကိုတော့ ကျွန်တော်မသိပါ။ပြီးတော့ ရန်ကုန်မှာနေခဲ့တဲ့အတောအတွင်းမှာလဲ ကိုယ့်အလုပ်ကို လုပ်ပြီး၊ဘေးပတ်ဝန်းကျင်နဲ့အထိတွေ့နည်းတဲ့သူမလို့၊လူအကုန်မသိ။

"ဟဲ့..အလွမ်း.."

ဘေးနားကဖြတ်သွားတဲ့ကားကို ရှောင်လိုက်တော့ ကျွန်တော့်နာမည်ခေါ်သံကို ကြားလိုက်ရသည်။ဘေးဘေးဘီဘီကို မျက်လုံးဝံ့လိုက်တော့လဲ ဘယ်သူမှရှိမနေ။နားကြားမှားတာပဲထင်ပါတယ်။ဆက်သွားတော့မယ် ကြံခါမှ ကားရပ်သံနဲ့အတူ၊တံခါးဖွင့်ကာ ဆင်းလာတဲ့သူက အမျိုးသမီးလေးတစ်ယောက်။

ခပ်ရှည်ရှည်ဆံပင်တွေက ကျောပြင်ထက်မှာ ဖြန့်ကျဲထားသလို၊အဖြူရောင်ဘောင်းဘီရှည်နဲ့ တီရှပ်အဝါရောင်လေး​ကြောင့် ငယ်ရွယ်နုပျိုနေသလို။သုံးလက်မလောက်ဒေါက်အရှည်နဲ့ နှုတ်ခမ်းနီပါးပါးဆိုးထားတဲ့ ထိုမိန်းကလေးကို ရင်းရင်းနှီးနှီးမြင်ဖူးနေသလိုပင်ထင်မိသည်။

"ဟုတ်ပါတယ် နင်အလွမ်း မဟုတ်လား.."

တရင်းတနှီးနဲ့ပြောနေတဲ့ကောင်မလေးကို ချက်ချင်းမမှတ်မိ။ကိုယ်နေလှုပ်ရှားဟန်တွေနဲ့ ပြောဆိုနေဟန်တို့က ရင်းရင်းနှီးနှီးသိနေတဲ့ သူတစ်ယောက်ပင်။သူမရဲ့မျက်နှာကို စကထကန့်ဝက်လောက် စိုက်ကြည့်လိုက်ရင်းမှ..

"ဟုတ်တယ်..နင်..သြော်..ဘေဘီ."

ခေါင်းညှိတ်ပြလိုက်တဲ့သူမပုံစံက ကျေနပ်သွားတဲ့ဟန်ပင်။

"လာ..ငါနဲ့ခနလိုက်ခဲ့ အလွမ်း.."

အန်တီတို့အိမ်သွားမယ့်အကြောင်းပြောမိပေမယ့် သူ့နောက်ကိုသာ လိုက်ခဲ့ဖို့ခေါ်နေတာကြောင့် မငြင်းဆန်မိတော့။မရောက်တာကြာပြီဖြစ်တဲ့ မောင့်ကညှာ စားသောက်ဆိုင်လေးထဲက စားပွဲတစ်ခုမှာ နေရာယူလိုက်ကြတယ်။ဘေဘီကတော့ ပြောစရာတွေအများကြီးရှိနေတဲ့ ပုံစံနဲ့ ကျွန်တော့်ကိုအကဲခတ်နေကြတယ်။

"နင် လိုက်လာမယ်ဆိုတာ ..ငါသိနေတယ် အလွမ်း။ကြယ်တာရာဆွေးကို ဘယ်သူမှထိန်းလို့သိမ်းလို့မရတော့ဘူး။.."

ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)CompletedOnde histórias criam vida. Descubra agora