Part_8(U+Z)

1.8K 85 0
                                    

မကြာခင်မြတ်စွာဘုရာရှင်မြတ်ကြီး နတ်ပြည်သို့တက်၍မယ်တော်အမိနတ်သားအား ဝါတွင်းသုံလပတ်လုံးကျေးဇူးဆပ်တရားဟောကြားတော်မူခဲ့သော ဗုဒ္ဓဘာသာဝင်တို့၏အလေးအမြတ်ထားရာနေ့ထူးနေ့မြတ်သို့ရောက်လာတော့မည်ဖြစ်သည်။ထိုနေ့သို့ရောက်လျှင်သံဃာတော်အရှင်သူမြတ်များအားသံဃန်းများအပါအဝင်လှူဖွယ်ပစ္စည်းအစုံအလင်တို့ဖြင့်ဆပ်ကပ်လျှူဒါန်ကြသည်မှာမြန်မာတို့၏ဓလေ့ထုံးလမ်းအစဉ်အလာတစ်ခုပင်ဖြစ်ပေသည်။ဒါကြောင့်‌ေဒါ်မေစီခန်းလည်းဝါဆိုလပြည့်နေ့မှာသံဃာတော်များကိုပင့်ဖိတ်ကာဝါဆို
သဃန်းဆပ်ကပ်ရန်သူ့အတွက်အရေးကြီးသောဧည့်ပရိတ်သတ်တစ်ချို့ကိုလည်းဖိတ်ခေါ်ထားသေးသည်။သားဇွန်ကတော့ဒီအထဲတွင်မပါမဖြစ်ပေါ့။သူမ၏သားဖြစ်သူမှာနာမည်ကြီးမော်ဒယ်သရုပ်ဆောင်ဖြစ်သည့်
ဥက္ကတ်ခွန်ခိုက်ဖြစ်သည်ကိုသာထက်မှလွဲ၍အခြားမည်သူမျှမသိပါ။အသိမပေးသသည်ဆိုပိုမှန်မည်။ဥက္ကတ်ခွန်ခိုက်၏အမေမှာလည်းစီးပွားရေးလောက၏ဘုရင်ဒေါ်မေစီခန်းဆိုတာကိုလည်းမည်သူမျှမသိပါ။mediaများတွင်လည်းဖော်ပြထားခြင်းမရှိဘဲအလွန်ချမ်းသာသောမိသားစု၏မျိုးဆက်ဟုသာဖော်ပြထားခြင်းကြောင့်ဖြစ်လိမ့်မည်။မုန်းဝင့်မာန်ဆိုသောမိန်းကလေးမှာလည်းသူမသားရရှိမည့်စည်းစိမ်ဥစ္စာများကိုသာမျှော်မှန်းပြီးချဉ်းကပ်ခဲ့ခြင်းပင်ဖြစ်သည်။ဒေါ်မေစီခန်းသာဥက္ကတ်၏အမေဖြစ်မှန်းသိပါကဒီမိန်းကလေးနှာခေါင်းသွေးလျှံမည်မှာမလွဲဧကန်။

"မေမေ ဧည့်ခန်းထဲမှာရော၊မီးဖိုချောင်‌ထဲမှာရောပစ္စည်းတွေအပြည့်ဘဲ"
"မေမေဘာလုပ်မလို့လဲဟင်"

ရုတ်တရက်သူမသား၏အမေးကြောင့်

"ဪ ဝါဆိုသဃန်းကပ်မလို့လေသားရယ်
သဘက်ခါဆို ဝါဆိုလပြည့်နေ့ရောက်ပြီလေ"

"မေမေသားကိုပြောမလို့"

"ဟုတ်"

"အဲ့နေ့ရှိသမျှအလုပ်တွေအကုန်ဖျက်ထားနော် တစ်နေ့လုံးမေမေနဲ့ရှိနေပေး"

"ဟုတ်ကဲ့ပါမေမေရယ်သားဖျက်ပေးထားပါ့မယ်၊ပြီးတော့...မေမေ့ကိုတစ်ခုလောက်တောင်းဆိုလို့ရမလား"

"Love Servant"(On Going)Nơi câu chuyện tồn tại. Hãy khám phá bây giờ