"ယံ..ယံအကို့ကိုစိတ်ဆိုးနေတာလားဟင်"
"မဆိုးပါဘူး""
"မဆိုးရင်ဘာလို့အခုထိအကို့ကို စကားကောင်းကောင်းမပြောတာလဲ""
"ပြောပါတယ်""
"ယံလို့...အကို့ကိုအမေတို့အရှေ့မှာထဲကမျက်နှာလွှဲနေတာ..အခုအိပ်ယာဘဲဝင်တော့မယ် ...အကို့ကိုပြော..ယံဘာဖြစ်နေလဲဆိုတာ"
ကုတင်ပေါ်မှာတင်ပါးလွှဲထိုင်ရင်း သူ့အကြည့်ကိုရှောင်ဖယ်ကာမျက်နှာလွှဲနေသူရဲ့ဘေးနေရာလွှတ်မှာထိုင်လျက်တဖွဖွမေးနေမိသည့်အပြင် လက်လေးနှစ်ဖက်ကိုဆုပ်ကိုင်ထားဖို့လည်းမေ့လျော့မနေခဲ့ပါ။အန်တီနဲ့ညီလေးတို့အရှေ့မှာလက်ထပ်ခွင့်တောင်းခဲ့တုန်းက
သူနဲ့ထပ်တူကျစွာ စိတ်ဆုံးဖြတ်ပြီးမှ ဘာလို့များစကားတွေတိတ်ဆိတ်နေခဲ့ရတာလဲ။
သာထက်ယံ့ရဲ့မျက်နှာကိုသူ့ဘက်ကိုရအောင်လှည့်ကာ မျက်လုံးချင်းဆုံစေ၏။စိတ်နှလုံးသားရဲ့တံခါးပေါက်က မျက်လုံးတွေဘဲမလား..။ဒီကလေးဘာတွေကြောက်လန့်နေလဲစိတ်ပူနေမလဲ...။ဘယ်လိုကိစ္စမျိုးမဆို ဒီကလေးဘက်ကအမြဲရပ်တည်ပေးမယ်ဆိုတာကိုတော့ သူ့မျက်လုံးတွေကနေတဆင့် ယံ့ကိုသိစေချင်ပါသည်။"ယံ..အကို့ကိုပြောပါနော်..ယံ့စိတ်ထဲအခုဖြစ်နေတဲ့ခံစားချက်တွေအကုန်လုံးကို အကို့ကိုပြောပြပေးပါ""
"အကို..""
သူ့မျက်ဝန်းတွေကိုစိုက်ကြည့်ရင်း ယံ့မျက်ဝန်းနက်လေးတွေထဲက မျက်ရည်စတွေဝေ့သီလာတော့ သူ့ရဲ့လက်ဖဝါးထဲရှိနေတဲ့
ယံ့ရဲ့လက်လေးကို ပို၍ဆုပ်ကိုင်လိုက်မိသည်။"ကျွန်တော်..ကျွန်တော်ကြောက်တယ်အကို.."
ဘယ်လိုအကြောက်တရားတွေကစိုးမိုးထားတယ်မသိ..ယံ့ရဲ့မျက်စံလေးတွေက
လှုပ်ရိလှုပ်ယဲ့...။သာထက်ဘက်က တုံ့ပြန်စကားမဆိုဘဲ ယံ့ရဲ့စိုးရိမ်စိတ်ကိုသက်သာလိုသက်သာငြား နူးညံ့ညင်သာစွာဖြင့် တုန်လှုပ်နေတဲ့နှုတ်ခမ်းပါးတစ်စုံဆီသို့ ဦးတည်မိ၏။တစ်ခနမျှအချိန်ကြာတယ်ဆို နှုတ်ခမ်းလွှာနှစ်ခုကို ဖယ်ကွာ၍ ယံ့ရဲ့မျက်ဝန်တွေနှင့်
တစ်ဖန်ဆုံမိပြန်တော့ ခုနစိုးရိမ်နေတဲ့မျက်ဝန်းလေးတွေက တောက်ပစွာနှင့်နှုတ်ခမ်းပါးလေးတွေကပြုံးယောင်သန်းလာလေ၏။
![](https://img.wattpad.com/cover/305604219-288-k114171.jpg)
ВЫ ЧИТАЕТЕ
"Love Servant"(On Going)
Фэнтезиအချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။