ဒီနေ့ဆိုကိုကိုနဲ့လက်ထပ်တာတစ်လတင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။တစ်လဆိုသောအချိန်တစ်ခုသာကုန်သွားတယ် ကိုကိုနဲ့ကျွန်တော့်ရဲ့ဆက်ဆံမှုကတော့အရင်ကလိုသာအေးစက်လျှက်။အခုလည်းမနက်စာကိုစားနေတုန်းကိုကိုဆီမှထွက်ကျလာသောတောင်းဆိုသံတစ်ခု
"မေမေ"
မနက်စာ စားရင်းမှသူမသား၏ခေါ်သံကြောင့်မော့ကြည့်မိတော့သူ့ကိုတစ်ခုခုပြောချင်နေပုံ
"ကျွန်တော်ခွင့်တောင်းစရာရှိလို့...."
"ပြောလေ..သား"
"ကျွန်တော်တို့ အိမ်ခွဲနေချင်လို့..အဲ့ဒါမေမေခွင့်ပြုပေးပါလား"
"ဒီအိမ်မှာနေရတာအဆင်မပြေလို့လားသား"
"မဟုတ်ပါဘူးမေမေရယ်....ကျွန်တော်နဲ့သူနဲ့အေးဆေးနေချင်လို့ပါ၊ပြီးတော့နှစ်ယောက်ထဲရှိနေရင် အရင်ကထက်ရင်းနှီးလာနိုင်မလားလို့လေ"
ဒေါ်မေစီရဲ့စိတ်ထဲမှာတော့သူမသားဟာပြောင်းလဲပြီးသားငယ်နဲ့အဆင်ပြေအောင်ကြိုးစားချင်နေသည်ဟုသာရိုးရိုးရှင်းရှင်းတွေးနေခဲ့မိသောကြောင့်
"သားကတောင်းဆိုမှတော့အမေကဖြည့်ဆည်းပေးရမှာပေါ့၊ဒါနဲ့....သားငယ်ဆန္ဒကရော...."
အန်တီအမေးကြောင့်ကိုကို့ ကိုကြည့်မိလိုက်တော့ကျွန်တော်ကိုမသိမသာခေါင်းညိတ်ပြနေသောချစ်ရသူ။သူဆိုတာကိုကို့စကားကို
ဘယ်လိုငြင်းဆန်ရဲမှာတဲ့လဲ။"ဟုတ်ကဲ့ ကိုကို့သဘောပါဘဲအန်တီ"
သားငယ်ဘက်ကပါသဘောတူနေတာကြောင့်ဒေါ်မေစီလည်းသူမသားဘက်သို့လှည့်၍
"ဒါဆိုပြောင်းမယ့်အိမ်ကရောအဆင်သင့်ဖြစ်ပြီလားသား"
"ဟုတ်ကဲ့...ကျွန်တော်အကုန်လုံးပြင်ဆင်ပြီးပါပြီ"
"ဘယ်တော့ပြောင်းဖို့စီစဉ်ထားလဲသား"
"ဒီနေ့ဘဲမေမေ"
"ဟေ....မမြန်လွန်းဘူးလားသားရယ်"
ဥက္ကတ်မေမေအပြောကိုအပြုံးဖြင့်သာတုန့်ပြန်လိုက်ပါသည်။
"ဪ...မေမေပြောဖို့မေ့နေတာ ...
မနေ့ကညက ဓာတ်ပုံဆရာက သားတို့နှစ်ယောက်ရဲ့မဂ်လာဓာတ်ပုံရပြီပြောတယ်"
YOU ARE READING
"Love Servant"(On Going)
Fantasyအချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။