"သံယာခိုက်သော်!""
"ချင်"
(ရှင်)"ရှင်မလုပ်နဲ့!..
ဖေဖေသမီးကိုဘာပြောထားလဲ....
ကျောင်းမှာသူငယ်ချင်းတွေနဲ့ရန်မဖြစ်ရဘူးလို့ မှာထားတယ်မဟုတ်ဘူးလား...""""ဟုတ်""
"ပြောလိုက်ရင် ဟုတ်
နောက်ပြီးလုပ်ချင်ရာလုပ်တာ....
ဖေဖေ့ကိုသမီးကဂရုမစိုက်တာလား!""""ယာယာက ပေပေ့ကို ဂရုချိုက်ပါတယ်""
(ယာယာက ဖေဖေ့ကို ဂရုစိုက်ပါတယ်)ဟူး....မိန်းကလေးမွေးထားလို့သာပေါ့
ယောကျာ်လေးနဲ့မိန်းခလေးရန်ဖြစ်တာ
ကွန်ပါဘူးနဲ့ခေါင်းကိုရိုက်လို့ တစ်ဖက်ကလေးမှာ နှဖူးပေါက်သွားတယ်တဲ့လေ။ရုပ်ကလေးကချောသလောက် လက်ရဲဇက်ရဲနဲ့
ဘယ်သူ့သွေးတွေပါလာမှန်းမသိ။သူ့မှာတော့
ရန်ဖြစ်တယ်ဆိုတော့ ကိုယ့်သမီးလေးများ
အနိုင်ကျင်ခံနေရမလားဆိုပြီးအပြေးအလွှားသွားခဲ့ရတာ..ဟိုရောက်တော့နောက်မဖြစ်စေရပါဘူးဆိုပြီး ခံဝန်ကတိလက်မှတ်ထိုးခဲ့ရတယ်လေ။"အဲ့ဒါဆိုဘာလို့ရန်ဖြစ်ခဲ့တာလဲ"""
"ခန်ခန့်က သူ့မှာ ပေပေနဲ့မေမေနှစ်ယောက်ရုံးရှိရယ်ရဲ့...ယာယာကိုချ မေမေမရှိဘဲမွေးရာကြာရို့ပြောရယ်""
သမီးဖြစ်သူရဲ့စကားကိုကြားတော့ ဇွန့်မှာမျက်ရည်မကျအောင်မနည်းထိန်းထားခဲ့ရပါသည်။ခုနကထွက်နေတဲ့ဒေါသတွေတောင်ဘယ်ရောက်လို့ရောက်ကုန်မှန်းမသိတော့ပါ။
သမီးလေးတစ်ယောက်ထဲကြောင့်
လောကဓံတွေကို သူတစ်ယောက်တည်း
ရင်ဆိုင်လာခဲ့တာ..သမီးလေးတစ်သက်ပါဘဲ။အခုဆိုဇွန့်ရဲ့သမီးလေးက အသက်သုံးနှစ်ပြည့်ပြီလေ။သမီးမျက်နှာတစ်ကမ္ဘာထင်ပြီးအသက်ရှင်နေတဲ့သူ့အတွက်ကတော့ သမီးလေးကသာ သူရဲ့မှီခိုအားထားရာ၊သူ့ရဲ့မြတ်နိုးရာလေးမို့ ပိုက်ဆံရှိသားသမီးတွေလိုမျိုး လိုတရဘဝမျိုးနဲ့မထားနိုင်ရင်တောင် သူ့မှာရှိသမျှခွန်အားလေးတွေနဲ့
ပြည့်ပြည့်စုံစုံထားချင်ပါသည်။ထားနိုင်အောင်လည်းသူကိုယ်တိုင်ကြိုးစားနေခြင်းပင်။"သမီးသူငယ်ချင်းကို သမီးမှာဖေဖေတစ်ယောက်လုံးရှိတယ်လို့မပြောပြလိုက်ဘူးလား""
![](https://img.wattpad.com/cover/305604219-288-k114171.jpg)
VOCÊ ESTÁ LENDO
"Love Servant"(On Going)
Fantasiaအချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။