Part_6(U+Z)

1.9K 91 0
                                    

ဒေါ်မေစီခန်းလည်းနောက်ဖေးခန်းထဲတွင်မသင်းတို့နှင့်ဝိုင်းကူလုပ်ပေးနေသောကောင်လေးကိုကြည့်၍ပြုံးနေမိသည်။

"ကလင်.....ကလင်........"
      "ကလင်....ကလင်......"
သူ၏အလုပ်ခန်းမှဖုန်းသံကြောင့်ဒေါ်မေစီခန်းသွားကိုင်လိုက်ရ၏။

"ဟဲလို......ပြော သာထက်"

"......................"

"အင်း..ငါ့ဆီကို အဲ့ပုံတွေmailနဲ့ပို့လိုက်"
"ပီးရင်အဲ့ကောင်မလေးကိုဆက်စောင့်ကြည့်ထားပေး၊တစ်ခုခုထူးတာနဲ့ငါ့ကိုအကြောင်းကြာပေး"

"ဟုတ်ကဲ့ ..အန်တီ"

သာထက်အောင်ဆိုတာအခြားသူမဟုတ်၊
သာထက်အောင်၏အဖေဦးအောင်သာဆိုသည်မှာသူတို့လင်မယားနှစ်ယောက်၏အချစ်ဆုံးသူငယ်ချင်းဖြစ်သလို၊သူတို့မိသားစုအတွက်ယုံကြည်အားထားရဆုံးလူယုံတစ်ယောက်ဆိုလည်းမမှား၊
သူတို့လင်မယားလက်ထပ်ပြီးမကြာခရီးထွက်ရင်မှဦးအောင်သာတို့မိသားစုနှင့်ဆုံဖြစ်၏။ဦးအောင်သာတို့မိသားစုမှာအရမ်းကြီးမချို့တဲ့သော်လည်းထိုခေတ်က လခစားသမားဝန်ထမ်တစ်ဦး၏လစာနှင့်မိသားစုတစ်ခုကိုလောက်လောက်ငှငှထားဖို့အတွက်မဖူလုံခဲ့ပေ။ထို့ကြောင့်မိုသူတို့မိသားစုကိုတိုက်ခန်တစ်ခန်းပေး၍နေစေကာဦးအောင်သာကိုတော့ယောက်ျာဖြစ်သူ၏လူယုံတော်အဖြစ်ခန့်၍ထားခဲ့သည်။ဦးအောင်သာမိန်းမမှာတော့ကလေးမွေးပြီးချင်းမီးတွင်းထဲတွင်သာအသက်ပါသွား‌ခဲ့သောကြောင့်ကျန်ခဲ့သောသားလေးကိုသူတို့မိသားစုကဆက်လက်စောင့်ရှောက်ပေးခဲ့သည်မှာယခုတိုင်ပင်ဖြစ်သည်။ဦးအောင်သာမှာမူသူမ၏ယောကျာ်းဖြစ်သူနှင့်အတူကားaccidentဖြစ်၍သူ့ယောက်ျား၏
နောက်ဆုံးထွက်သက်တိုင်အသက်နှင့်လဲ၍သစ္စာရှိပေးခဲ့သည်။သူတို့နှစ်ဦးဆုံးပါးသွားချိန်မှာတော့သူ၏ရင်သွေးလေးနှင့်ဦးအောင်သာတို့၏သားလေးကို သာတူညီမျှစောင့်ရှောက်ပေးခဲ့သည်။သာထက်အောင်မှာသူ့မသားလေးထက်နှစ်နှစ်ခန့်ကြီးသော်လည်းသားကတော့သူငယ်ချင်းလိုသာပေါင်းခဲ့သည်။သာထက်အောင်မှာမူအသက်၂၈အရွယ်ဖြစ်ပြီးသူမ၏သားမှာတော့၂၆နှစ်ရှိပြီဖြစ်သည်။ဒေါ်မေစီခန်းမှာသာထက်အောင်ကိုသူဝါသနာပါရာရွေးချယ်ခိုင်းခဲ့သော်လည်းသူပြောခဲ့သောစကားမှာ'သားတို့တစ်မိသားစုလုံမှာအန်တီရဲ့ကျေးဇူးတွေအများကြီးမို့သားရဲ့ညီလေးကိုစောင့်ရှောက်ပြီးအန်တီအားကိုးအားထားရတဲ့လူယုံတစ်ယောက်သာဖြစ်ချင်တယ်'လို့ဆို၏။ဒါကြောင့်လည်းသား၏မန်နေဂျာအဖြစ်လည်းကောင်း၊သူ၏လူယုံနေရာမှာပါရပ်တည်နေထိုင်ခဲ့သည်။

"Love Servant"(On Going)Tahanan ng mga kuwento. Tumuklas ngayon