ညက လိုအင်ဆန္ဒတွေပြီမြောက်သွားတာနှင့်မိမိရင်ဘက်ပေါ်မှာ မှောက်ရက်သားအိပ်ပျော်သွားသောကိုကို ။နေကောင်းခါစကို တစ်နေ့ခင်းလုံးအိမ်သန့်ရှင်းရေးလုပ်၊အဝတ်တွေလျှော်ထားတာတင်မက အခုလိုမျိုးဖြစ်ထားတော့ဇွန့်ရဲ့ခန္တာကိုယ်ကို လှုပ်ပင်မလှုပ်ချင်တော့။ဒါပေမယ့်လည်းမထလို့မရ။သူ့ကိုယ်ကအညစ်အကြေးတွေကအိပ်ယာခင်းမှာလည်းပေနေမည်မှာမလွဲဧကန်။ဒီတိုင်းသာအိပ်ပျော်သွားလို့ကတော့မနက်မိုးလင်း
ဒီအခြေအနေကိုသာကိုကိုမြင်သွားရင်
မလိုလားအပ်တဲ့ပြဿနာတွေကတစ်သီတစ်သန်းကြီးပေါ်လာဦးမည်မို့ ကိုကို့ခန္တာကိုယ်ကြီးကိုဘေးသို့ချ၍ အားပြုကာထိုင်လိုက်သည်။"အ့!"
အောက်ပိုင်းတစ်နေရာမှ စူးအောင့်နေသောနာကျင်မှုက ဝမ်းဗိုက်မှာပါအောင့်သက်နေသေးသည်။ပြီးတာနှင့်အဝတ်အစားကင်းမဲ့နေသောမိမိခန္တာကိုယ်ပေါ် သို့အဝတ်အထည်တစ်ချို့ဆင်မြန်းလိုက်သည်။ထို့အတူကိုကို့ကိုလည်း ယိုယွင်းနေတဲ့အဝတ်အစားတွေကိုပြန်လည်တည့်မတ်ကာ အညစ်အကြေးတစ်ချို့ကိုလည်း wet tissueဖြင့်သာသန့်ရှင်းပေးလိုက်ပြီး အိပ်ယာခင်းအပေါ်ကြည့်မိတော့ သူတို့နှစ်ယောက်ရဲ့အညစ်အကြေးတွေနဲ့သွေးစတွေ အကွက်လိုက်စွန်းထင်းနေလေသည်။ဇွန့်တစ်ကိုယ်လုံးမလှုပ်ချင်လောက်အောင်နာကျင်ကိုက်ခဲနေသော်လည်း ဒါတွေကိုဒီအတိုင်းထားလို့မရပေ။မနက်မိုးလင်းလို့
ကိုကိုသာတွေ့ကြည့် ကျိန်းသေပေါက်ပြဿနာအရှာခံရမှာ။ဒါကြောင့်မို့ နားချင်နေတဲ့စိတ်ကိုခနဖျောက်ပြီး ကိုကို့ခန္တာကိုယ်ကြီးကိုအခန်းထဲရှိဆိုဖာပေါ်ခနရွှေ့ကာ အိပ်အခင်းအသစ်ကို လဲလိုက်ရသည်။နောက်ပြီးကို့ကို့ခန္တာကိုယ်ကြီးကို ကုတင်ပေါ်ပြန်တင်နဲ့
မနက်လေးနာရီထိုးခါနီးမှဘဲ အိပ်ယာသို့ဝင်ဖြစ်သည်။ဒီတစ်ခါတော့သူတကယ်ပင်မလှုပ်နိုင်တော့။မျက်လုံးတွေကလည်းမှေးကျင်းလာပြီမို့ တစ်နေကုန်ပင်ပန်းထားသောခန္တာကိုယ်ကို အနားပေးမှရပါတော့မည်။
ကျောခင်းလိုက်ပြီးခေါင်းဦးနဲ့ခေါင်းထိတယ်ဆိုတာနှင့် ဇွန်ရဲ့အိပ်စက်ခြင်းအမှုလေးစတင်ခဲ့လေတော့၏။
ŞİMDİ OKUDUĞUN
"Love Servant"(On Going)
Fantastikအချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။