Part_39(U+Z)

3.1K 119 29
                                    

ဥက္ကတ်မေမေ့ဆီမှ သော့်ကိုမရရတဲ့နည်းနဲ့ပြန်ခေါ်လာတဲ့အချိန်ကနေ အခုအိမ်ပြန်ရောက်နေတဲ့အချိန်ထိ မနိုးသေးတာကြောင့် ပွေ့ချီရက်သားနှင့် အခန်းအတွင်းသို့ခေါ်လာကာ
ကုတင်ပေါ်သို့ညင်သာစွာ တင်ပေးလိုက်ပြီးတယ်ဆို သူပါကုတင်ပေါ်တက်၍ သော့်ရဲ့ခေါင်းအောက်ကိုလက်မောင်းတစ်ဖက်ခုကာသူ့ရဲ့ရင်ခွင်ထဲသို့ထွေးပွေ့ထားလိုက်သည်။
သော်အနားမှာ ဒီလိုလေးရှိနေခဲ့တဲ့အချိန်တိုင်း
သူ့စိတ်ထဲမှာနွေးထွေးလုံခြုံသလိုခံစားရသည်။ကိုယ့်အနားမှာ ဒီလိုလေးဘဲရှိနေပေးပါသော်ရယ်။မင်းကိုကိုယ့်အနားကနေဘယ်သူမှဆွဲထုတ်သွားခွင့်မပြုနိုင်ဘူး။မင်းကိုယ့်အနားမှာဘဲရှိနေပေးပါကွာ...။သော့်ခန္တာကိုယ်လေးကို ခပ်တင်းတင်းပွေ့ဖက်ကာ ဥက္ကတ်လည်းအိပ်စက်ခြင်းဆီသို့။မနေ့ကညက‌လည်း သော်ကိုဆုံးရှုံးရမှာကြောက်တဲ့စိတ်နဲ့ တစ်ညလုံးသူမအိပ်ရသေးဘူးမလား။
ကိုယ်လေမင်းရဲ့ကိုယ်သင်းနံ့လေးကိုအရမ်းကြိုက်တာဘဲသိလား။

************************************

ဇွန်နေ့ခင်းဆေးသောက်ပီကတည်းကအိပ်ပျော်သွားတာ...အခုနိုးလာတော့လည်း
သူ့ကိုတစ်စုံတစ်ရာကအတင်းအကြပ်ကြီးဖက်ထားသလိုမျိုးကြီးခံစားနေရလေသည်။
ဒါကြောင့်လည်းမျက်လုံးနှစ်ဖက်ကိုအားယူပြီးဖွင့်ကြည့်လိုက်တော့ ရင်ဘက်ကျယ်ကျယ်တစ်ခု၊ဇွန်အပေါ်ကိုတဖြည်းဖြည်းမော့ကြည့်မိတော့ တကယ်ကိုအိပ်မောကျနေတဲ့ဇွန့်ရဲ့ကိုကို။ဟင်!...ဘယ်လိုဖြစ်ပြီးကိုကိုက
ဇွန့်ရဲ့ဘေးကိုရောက်နေရတာလဲ။ဇွန်အိပ်ပျော်သွားတုန်း ကိုကိုရောက်လာတာလား
ဒါမှမဟုတ် ဇွန့်ကိုပြန်ခေါ်လာတာလား...။
ဇွန့်မှာ ဘေးပတ်ဝန်းကိင်ကိုကြည့်ချင်သော်လည်းမြဲမြံစွာဖက်ထားတဲ့ကိုကို့ရဲ့လက်နှစ်ဖက်ကြောင့်လှုပ်မရခဲ့။ဒါဆို ကိုကိုနိုးလာတာကို စောင့်ဖို့ဘဲရှိတော့တာပေါ့။ဇွန်မလှုပ်မယှက်ဘဲ ကိုကို့ဖက်ထားတဲ့အတိုင်းငြိမ်နေလိုက်ကာ ကိုကို့မျက်နှာအစိတ်အပိုင်းတွေကို
တစ်ခုချင်းလိုက်ကြည့်နေမိသည်။ကျွန်တော်ကဒရယ်မျိုးလားမသိ။ကိုကို့ဆီက ဘယ်လို
ခက်ထန်ကြမ်းတမ်းမှုတွေကိုရရှိနေပါစေ
ဘယ်လိုမှမမုန်းခဲ့။ဒါ့ကြောင့်လည်းကိုယ့်ကိုကိုယ် ဒရယ်မျိုးလို့ပြောတာ။ဒရယ်တွေကဘယ်တော့မှအမှတ်မရှိတတ်ကြဘူးလေ။
သူကြည့်နေတုန်းမှာဘဲ ကိုကို့ရဲ့မျက်ခုံးထိပ်လေးနှစ်ဖက်က တစ်ခုနှင့်တစ်ခုထိစပ်သွားတော့မလို တွန့်ကြုံ့ထားလေသည်။ကိုကိုရဲ့
အဲ့လိုအမူအရာကြီးကို ဇွန်မကြိုက်လိုက်တာ
ဒါကြောင့်လည်းဇွန့်ရဲ့လက်တစ်ဖက်နဲ့ကိုကို့ရဲ့
မျက်ခုံးအလယ်ကို လက်ညိုးထိပ်လေးနဲ့အသာထိကာ ဖြေလျှော့ပေးနေမိသည်။
သိပ်မကြာ ကိုကို့ရဲ့မျက်လုံးနှစ်ဖက်ကရုတ်တရက်ပွင့်လာကာ ဇွန့်ရဲ့မျက်လုံးတည့်တည့်ကို စိုက်ကြည့်နေလေ၏။အရင်ကလိုခက်ထန်နေတဲ့အကြည့်မျိုးမဟုတ်ဘဲ အရမ်းကိုနူးညံ့နေခဲ့တာကြောင့် ဇွန့်မှာ ကိုကို့နှဖူပေါ်ကိုထိတွေ့နေတဲ့လက်ကလေးကိုတောင် ဖယ်ဖို့မေ့နေခဲ့လေသည်။ဒါကို ကိုကိုကသူ့နှစ်ဖူးပေါ်ရောက်နေတဲ့ဇွန့်လက်ညိုးလေးကိုဆုပ်ကိုင်လိုက်ကာ ကိုကို့ရဲ့ နှုတ်ခမ်းနဲ့ထိတွေ့ရုံမျှဖိကပ်လိုက်တော့ ဇွန့်မှာ အကြောင်ရက်သား.....။

"Love Servant"(On Going)Donde viven las historias. Descúbrelo ahora