Part_34(U+Z)

2.1K 92 11
                                    

ဥက္ကတ် 'မုန်းကိုဆေးခန်းလိုက်ပြပြီးတယ်ဆိုအိမ်ကိုချက်ချင်းတန်းပြန်လာခဲ့သည်။မုန်းသွားချင်တဲ့နေရာတွေတောင်လိုက်မပို့ပေးခဲ့။မုန်းကိုဆေးခန်းပြဖို့အိမ်ကထွက်ခါနီးမှာ
သူ့ရဲ့မျက်လုံးနဲ့အမှတ်တမဲ့မြင်ခဲ့တဲ့ 'သော့်'
ခြေဖမိုးပေါ်က ဒဏ်ရာတွေ။ဖြူဆွတ်နေတဲ့ခြေထောက်ပေါ်မှာမှ စူးစိုက်နေတဲ့ဖန်စတွေနဲ့အသားတွေကြွတက်နေသယောင်တောင်ထင်ရတဲ့ ရေနွေးပူလောင်ထားတဲ့ဒဏ်ရာဒဏ်ချက်တွေ။ဒီလောက်ဖြစ်ထားတာကိုနာကျင်လို့ဆိုပြီးတစ်ချက်မညည်း။ကိုယ်ကသာစိုးရိမ်နေတာ သူ့ကိုကြည့်လိုက်တော့ဖြင့် ကိုယ့်ဆီကိုတွေတွေလေးငေးပြီးကျန်နေခဲ့တဲ့ပုံလေးက မျက်လုံးထဲကမထွက်။ဒီကောင်လေးဒဏ်ရာရထားတာတောင်သိရဲ့လားမသိ။ကျစ်......ဘာလဲကွာ...ဒီခံစားချက်ကြီးကိုမကြိုက်လိုက်တာ....။ဟူး..........

အိမ်ရောက်တယ်ဆို မြင်နေရတဲ့မြင်ကွင်းတစ်လျှောက်ကိုယ်တွေ့ချင်နေတဲ့သူရဲ့အရိပ်ကလေးတောင်မတွေ့။အရင်ကဆို သူရဲ့အနားမကပ်ရဲတဲ့ကောင်လေးက ခပ်ဝေးဝေးလေးကနေပြီး ကိုယ့်ကိုငေးကြည့်နေခဲ့တာ။
အခု...တစ်ခုခုကိုလစ်ဟာနေသလိုမျိုး....။စိတ်တိုတာလား...ဒေါသထွက်တာလား၊ဝမ်းနည်းတာလား..ဘာမှန်းမသိတဲ့ခံစားချက်ကြီးက သူ့ကိုလောင်မြိုက်စေပါသည်။

"မောင်ရေ...ဘာတွေရှာနေတာလဲဟင်"

ဘေးကနေပါလာတဲ့မုန်းတစ်ယောက်လုံးကိုတောင် သတိမထားမိတဲ့ကိုယ့်အဖြစ်ပါလား။

"ဘာမှမဟုတ်ပါဘူး"

"ဪ..အင်းပါ။ဒါနဲ့လေ..မုန်းအပြင်လေးခနသွားချင်လို့"

"သွားလေ...မောင့်ကိုခွင့်တောင်းစရာမလိုပါဘူး..မုန်းသဘောအတိုင်းဘဲလုပ်ပါ"

"ဟိုလေ...မုန်းကဒ်ထဲမှာရေနည်းနေလို့..
အဲ့ဒါ......"

မုန်းဝင့်မာန်ရဲ့စကားဆုံးတယ်ဆို ပိုက်ဆံအိတ်ကိုဖွင့်၍ အထဲမှကဒ်တစ်ခုကိုထုတ်ကာ

"ဒီထဲမှာ..ရာဂဏန်းလောက်တော့ရှိတယ်
မုန်းလောက်တယ်မလား၊မောင်ကတော့
အလုပ်ရှိသေးလို့ လိုက်မပို့တော့ဘူးနော်"

"ရ‌တာပေါ့မောင်ရဲ့...ဒါဆိုမုန်းသွားပြီ"

"အင်း"

"Love Servant"(On Going)Donde viven las historias. Descúbrelo ahora