ကိုကို့ဆီသွားပြီး နောက်ထပ်အချိန်တစ်ပတ်မျှကြာချိန်မှာတော့ ဇွန်တို့ဆေးရုံမှဆင်းခဲ့ကြသည်။အစ်ကိုသာထက်နဲ့အန်တီက ဆေးရုံက
ပစ္စည်းတွေသိမ်းဆည်း၍အိမ်သို့လိုက်ပို့ပေးခဲ့ကြသော်လည်းအရေးကြီးအလုပ်ကိစ္စပေါ်လာသဖြင့် ပစ္စည်းတွေကို
အိမ်ထဲသို့နေရာချပေးပြီးသည်နှင့်ပြန်သွားခဲ့ကြလေသည်။မပြန်သွားခင်လည်း သူ့ကိုအညော်မခံဖို့၊အလေးအပင်းမ မဖို့ကိုအထပ်ထပ်အခါခါသတိပေးနေသေး၏။ဟိုရက်က ကိုကိုကြောင့် ချုပ်ရိုးပြန်ပွင့်သွားတာကိုသိပြီးကတည်းက ကိုကို့ဆီကို အန်တီရော၊အစ်ကိုသာထက်ပါ အသွားမခံသောကြောင့်
ယနေ့မှသာ ကိုကိုနှင့်မျက်နှာချင်းဆိုင်ဖြစ်ခဲ့သည်။အခုလည်းဘာကိုအလိုမကျဖြစ်နေတာလဲမသိ။ဆိုဖာပေါ်ထိုင်လည်းမထိုင်ဘဲမတ်တပ်ရပ်ကြီးဖြင့်ခါးထောက်ကာ
တစ်အိမ်လုံးကို မျက်စိကစားနေသည်။
သူတွေးလို့မှမဆုံးသေး ထွက်ပေါ်လာသော
ကိုကို့ရဲ့ အလိုမကျသံ...."မင်းဘယ်လိုများအိမ်မှာနေနေလဲ"""
"တစ်အိမ်လုံးလဲကြည့်ဦး ဖုန်တွေချည်းဘဲ"
"မင်း....သန့်ရှင်းရေးလေးဘာလေးမလုပ်ဘူးလားဟမ်!ငါမရှိတဲ့အချိန်မှာသောက်ပျင်းကြီးနေတယ်ပေါ့"ဟုတ်ပါရဲ့။ကိုကို့ပြောမှအိမ်ကိုမျက်လုံးကစားကြည့်လိုက်တော့ ဖုန်အနည်းငယ်တက်နေပြီ။ဆယ့်ငါးရက်လောက်လူမနေဖြစ်တော့မှတော့ဖုန်တက်နေတာမဆန်းပါဘူး။
ဒါပေမယ့်လည်း ကိုကိုက အသန့်ကြိုက်တတ်တာမို့ သန့်ရှင်းပေးရမည့်တာဝန်မှာ သူ့တာဝန်ပင်။"ဟို..ကျွန်တော်အခုချက်ချင်းရှင်းလိုက်ပါ့မယ်နော်....ကိုကိုက ဒီမှာဘဲခနလောက်စောင့်ပေပါလားဟင်"
"အရင်ရက်တွေထဲကသန့်ရှင်းရေးမလုပ်ဘဲ
ဘယ်ကိုသဝေထိုးနေလဲမှမသိတာ"
"မြန်မြန်လုပ်!ငါနားချင်နေပြီ""ဟုတ်...ဟုတ်ကဲ့"
ဇွန်လည်းကိုကို့ထိုင်ဖို့အတွက်ဆိုဖာပေါ်ကို
အရင်ဆုံးသန့်ရှင်းပေးလိုက်သည်။ပြီးသည်နှင့်တစ်အိမ်လုံးမှာရှိတဲ့လိုက်ကာတွေဖြုတ်ကာ အသစ်လဲလိုက်သည်။အဟောင်းတွေကိုတော့အကုန်ရှင်းပြီးမှဘဲ လျှော်ဖွတ်ရပေမည်။လှည်းစရာရှိသည်များကိုလှည်း၊ရှင်းစရာရှိသည်များကိုရှင်းပြီးတစ်နာရီခွဲလောက်အကြာမှာတော့ ကိုကို့နားဖို့အတွက်အဆင်သင့်ဖြစ်နေပြီဖြစ်တာကြောင့်သွားခေါ်ရန်အရှေသို့ထွက်အလာတွေ့လိုက်ရတာက
ဧည့်ခန်းထဲရှိဆိုဖာပေါ်မှာ ခြေပစ်လက်ပစ်အိပ်ပျော်နေသောကိုကို၊ဆိုဖာခုံအရှည်က ကိုကိုနားဖို့အတွက်သက်တောင့်သက်တာမဖြစ်စေနိုင်ပါ။ဘာလို့ဆို ကိုကိုရဲ့ခြေထောက်နှစ်ချောင်းကကြမ်းခင်းပေါ်သို့တစ်ဝက်ရောက်နေလေပြီ။နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်နေတာကြောင့်လည်းမနှိုးရက်ပေ။ဒါကြောင့်မို့
အခန်းထဲမှ စောင်အပါးလေးသွားယူကာ
ကိုကို့ကိုယ်ပေါ်သို့လွှမ်းခြုံပေးလိုက်သည်။
အခုဘဲဆယ်နာရီကျော်နေပြီဖြစ်တာကြောင့်
ကိုကိုနိုးလာရင်စားဖို့အတွက်တစ်ခုခုစီစဉ်ရပေမည်မို့ မီးဖိုခန်းဘက်သို့ထွက်လာလိုက်သည်။ကိုကိုနဲ့အဆင်ပြေမယ့်ဟာကိုရှာကြည့်တော့ ဈေးလည်းမသွားဖြစ်တာကြောင့် ချက်ပြုတ်ဖို့အတွက်မရှိ။ဈေးသွားရမှာလည်းဝေးတာကြောင့်မို့ အိမ်မှာရှိတဲ့ဟာတစ်ခုခုနှင့်
ဘဲ ဖြစ်အောင်စီစဉ်ရပေမည်။ဆန်ရှိနေတာဆိုတော့ဆန်ပြုတ်ဘဲပြုတ်လိုက်ရင်ကောင်း
မလား။ဆန်ပြုတ်အဖြူထည်ဆိုရင် ကိုကိုက
ဘယ်လိုလုပ်စားတတ်မှာလဲ။ဘယ်လိုလုပ်ရမလဲ။ဇွန်စဉ်းစားတုန်း ကြောင်အိမ်အပေါ်မှာတင်ထားတဲ့နို့ဆီဗူးတွေပေါ်အကြည့်ရောက်သွားလေသည်။ဟုတ်သားဘဲ...နို့ဆန်ပြုတ်ပြုတ်လိုက်ရင်အဆင်ပြေလောက်မှာပါ။ထို့နောက်မှာတော့ထမင်းအိုးတစ်လုံးကို
ဆန်ဆေး၍တင်ထားလိုက်ပြီးပြင်ဆင်စရာရှိသည်များကိုပြင်ဆင်နေလိုက်သည်။ဇွန်ချက်ပြုတ်ပြီးစီးသွားချိန်ရောက်တော့
ဘယ်အချိန်ကနိုးလာမှန်းမသိတဲ့ကိုကို့ရဲ့
အသံကမီဖိုခန်းအဝမှာပျံ့လွင့်လာလေသည်။
YOU ARE READING
"Love Servant"(On Going)
Fantasyအချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။