"ဓန...ဘယ်လိုလဲ..ဦးသန့်စင်ရဲ့ရှယ်ယာတွေအကုန်ဝယ်ပြီးပြီလား""
"ဟုတ်ကဲ့boss...အကုန်နီးပါးလောက်တော့ဝယ်ပြီးပြီး..ကျန်တဲ့တစ်ချို့တစ်ဝက်ကို
ဦးသန့်စင်က အထိမခံဘူဖြစ်နေတယ်..""""ဟင်း...အဲ့ပမာဏလောက်နဲ့သူကဘာဆက်လုပ်ချင်သေးလို့လဲ..ထားလိုက်ဓန!
အချိန်တန်ရင်အလံဖြူပြလိမ့်မယ်"""ဟုတ်ကဲ့ boss""
"ဒါနဲ့ ဒီနေ့ကိုငါကုမ္ပဏီမလာဖြစ်လောက်ဘူး
မင်းကြည့်ကြပ်ပေးပါဦး"""ဟုတ်ကဲ့.boss စိတ်ချပါ""
"အင်း..ဒါဆိုဖုန်းချပြီနော်""
အဟင်း!..သူရဲ့အသည်းအသက်ကို လာထိချင်နေမှတော့ ဒီလောက်တော့ခံနိုင်ရည်ရှိအောင်ကြိုးစားထားကြပေဦးပေါ့...။အခုချိန်မှာ သူ့ရဲ့မိသားစုကိုနည်းနည်းလေး
စောင်ကြည့်မိရင်တောင် ငြိမ်ခံနေမည်မဟုတ်တော့ပါ။အတွေးနှင့်အတူ မျက်နှာပေါ်မှာဖြစ်ပေါ်နေသည့် ခပ်မဲ့မဲ့အပြုံးကတော့ လှပမနေခဲ့ပါ...။"ဒယ်ဒီရေ....ထမင်းချားကြမယ်ရေ""""
အသံဆာဆာလေးဖြင့်သူ့နားကိုတလှုပ်လှုပ်ပြေးလာသည့် သမီးရဲ့အသံကြားတော့မှ
ကြောက်စရာကောင်းလှသည့်မျက်နှာကို
ချက်ချင်းပြုပြင်လိုက်ပြီး သမီးလေးဆီသို့
နူးညံ့လှသောအပြုံးလေးတွေချိတ်ဆွဲထားလိုက်၏။"ဒယ်ဒီ...ပေပေက ထမင်းချားကြမယ်ရဲ့""
သူရဲ့လက်ညိုးတစ်ချောင်းကို သမီးငယ်က
သု့ရဲ့လက်ဖဝါးလေးထဲဆုပ်ကိုင်လှုပ်ရမ်းရင်းပြောနေတာကြောင့် ပါးဖောင်းဖောင်းလေးကတစ်လှုပ်လှုပ်...။"ဟုတ်ပါပြီဗျာ..ဒယ်ဒီတို့ထမင်းသွားစားရအောင်..နော်""
ဥက္ကတ်သမီးလေးကို ပွေ့ချီကာ ထွက်လာဖို့လုပ်တုန်းမှာပင် ထမင်းစားခန်းထဲမှ ဇွန့်ရဲ့အသံလေးက ခပ်ဆောင့်ဆောင့်ထွက်လာလေ၏။
"ဟိုသားအဖနှစ်ယောက်ရေ...ထမင်းစားကြမယ်လို့......တကယ်ထဲသမီးဖြစ်သူကိုခေါ်ခိုင်းပါတယ် နှစ်ယောက်လုံးကိုပေါ်မလာနိုင်တော့ဘူး""
"ခစ်ခစ်...ဒယ်ဒီ..ပေပေချိတ်ချိုးနေပြီ""
ဇွန့်အသံလေးအဆုံး ဥက္ကတ်ကိုယ်တိုင် အားပါးတရပြုံးလိုက်မိသလို သူ့လက်ပေါ်မှ
သမီးကလည်း ပါးချိုင့်လေးတွေပေါ်သည်အထိကို တခစ်ခစ်ရယ်နေလေ၏။ဥက္ကတ်လည်းခေါင်းကိုအသာခါယမ်းရင်းသာ
ဇွန်ရှိရာသို့ လျှောက်သွားလိုက်၏။ထမင်းစားခုံကိုရောက်တော့ သော့်ရဲ့မျက်နှာကစူပုတ်ပုတ်လေးဖြင့် သူတို့နှစ်ယောက်ကိုစိုက်ကြည့်နေပုံက အသည်းယားစရာကောင်းလှတာမို့
ဥက္ကတ်အသံတစ်ချက်ထွက်အောင်ရယ်လိုက်မိသည်။
YOU ARE READING
"Love Servant"(On Going)
Fantasyအချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။