မနက်က ကိုကိုအလုပ်ကိုထွက်သွားကတည်းက ဇွန်နဲ့ဇင်ဇင်မှာ သတိထားပြီးနေနေရသည်။အရင်ကကိုကိုထွက်သွားတာနဲ့အိမ်မှာမကပ်တဲ့မမုန်းဝင့်မာန်က ဒီနေ့တော့
အိမ်မှာမြဲနေတာကြောင့်ပင်။မမုန်းဝင့်မာန်
အိမ်ကိုစရောက်တုန်းက အပြင်ထွက်တယ်ဆိုပေမယ့် ကိုကိုအလုပ်ကပြန်လာခါနီးဆိုရင်တော့ ရောက်အောင်ပြန်လာတတ်ပါသည်။
နောက်ပိုင်းကျတော့ ကိုကိုရှိနေတဲ့အချိန်တွေတောင် ထွက်ချင်တိုင်းထွက်လာသည်။တစ်ခါတစ်လေဆိုညပါပြန်မအိပ်။အဲ့ကိစ္စနဲ့ပတ်သတ်ပြီးလည်း ကိုကိုနဲ့မမုန်းဝင့်မာန်
ခနခနပြဿနာဖြစ်ကြတက်တယ်။သူကတော့ဖာသိဖာသာနေလိုက်တာပင်။ကြားသုံးကြားဆိုတာ ဝင်မကောင်းဘူးမလား။"သော်တာဇွန်ဆိုတဲ့အကောင်....ငါ့ဆီလာစမ်းပါဦး!!!"
အခုလည်းသူနဲ့ ဇင်ဇင် နေ့လည်စာအတွက်မီးဖိုခန်းထဲမှာချက်ပြုတ်နေတုန်း မမုန်းဝင့်မာန်က အသံကျယ်ကြီးဖြင့်သူ့နာမည်ကိုအော်ခေါ်နေလေသည်။ဒါပေမယ့်ဇွန်ကတော့
ရပ်နေရာကနေ တုပ်တုပ်တောင်မလှုပ်ဖြစ်။
မသိချင်ယောင်သာဆောင်နေလိုက်သည်။"သော်တာဇွန်!!ငါနင့်ကိုခေါ်နေတာလေ...
နားများကန်နေတာလား...!!!!"ဇွန်အတွက်က ဒီပုံစံတွေကရိုးအီနေပီဖြစ်သော်လည်း ဇင်ဇင်ကတော့နည်းနည်းလန့်နေပုံရသည်။သူမှမသွားရင် ပြီးဆုံးမယ့်ကိစ္စမဟုတ်တာကြောင့် လုပ်လက်စအလုပ်တွေကိုချကာ မမုန်းဝင့်မာန်ဆီပြင်ရသည်။ဇွန့်ရဲ့ဗိုက်ကလည်းခြောက်လကျော်နေပြီဆိုတော့
အရင်ကထက် ပိုပြီးဂရုစိုက်နေရ၏။
ဇွန့်ရဲ့ကလေးလေးကိုနည်းနည်းလေးတောင်အထိအခိုက်မခံနိုင်ပါ။သူထသွားဖို့လုပ်တော့
ဇင်ဇင်က သူ့ကိုကူတွဲပေးလေသည်။"ကိုကြီး...ဇင်ဇင်လည်းလိုက်ခဲ့ပေးမယ်နော်"
"ကိုကြီးတစ်ယောက်ထဲသွားလို့ရပါတယ်ညီမလေးရယ်...ကိုကြီးကိုစိတ်မပူနဲ့နော်"
"မရဘူးကိုကြီး..ဇင်ဇင်လိုက်ခဲ့မှာ"
သူ့ရဲ့လက်မောင်းကိုမလွှတ်တမ်းကိုင်ဆွဲထားပြီး အတင်းလိုက်မယ်လုပ်နေတာကြောင့်
ဇင်ဇင့်ကိုပါ ခေါ်လာလိုက်၏။အရှေ့ရောက်တော့ ဧည့်ခန်းထဲမှဆိုဖာပေါ်ထိုင်ကာ
ခြေနှစ်ချောင်းကိုဆန့်၍ စတီခုံပေါ်တင်ထားသော မမုန်းဝင့်မာန်......
![](https://img.wattpad.com/cover/305604219-288-k114171.jpg)
ESTÁS LEYENDO
"Love Servant"(On Going)
Fantasíaအချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။