"ဒေါက်...ဒေါက်"
""ဝင်ခဲ့ပါ"""
ဥက္ကတ်ရုံးခန်းထဲမှာ စာရင်းစစ်နေတုန်း
တံခါးခေါက်သံကြောင့် အခန်းထဲသို့ဝင်ခွင့်ပြုလိုက်၏။သူ့အသံကြားတာနှင့် သူ့PAဖြစ်သူ
ဓနက စာရွက်စာတမ်းတစ်ချို့ကိုင်ကာ
ဝင်လာလေသည်။သူ့အရှေ့ရောက်တယ်ဆို
ခါးကိုင်း၍ အရိုအသေပေးပြီးနောက်
ပါလာတဲ့စာရွက်စာတမ်းတွေကို သူ့ရဲ့အလုပ်စားပွဲပေါ်ကိုတင်လိုက်၏။""ဒါက ရှန်ဟိုင်းဘက်က ပို့လိုက်တဲ့စာရွက်စာတန်းတွေပါ""
ဓနလှန်ပြတဲ့ဖိုင်တွေကို ဥက္ကတ်စေချာစွာစစ်ဆေးကြည့်နေလိုက်သည်။
"ကျန်တဲ့ကိစ္စတွေက အဆင်ပြေပေမဲ့
သူတို့ဘက်က Project ကိစ္စအတွက် bossကို လာစေချင်နေကြတယ်""ငါမသွားလည်းဖြစ်တာဘဲမဟုတ်ဘူးလား..
ဘာလို့ငါသွားမှအဆင်ပြေရမှာလဲ""ဒါပေမယ့် ...ကျွန်တော်ကတော့သွားသင့်တယ်ထင်တယ်...ပြီးတော့ ချောင်လူကြီးမင်ဆိုတဲ့လူက ကောက်ကျစ်တတ်တယ်...
Bossမသွားရင် သူတို့အကွက်ထဲဝင်ပြီး
ချယ်လှယ်ခံရမှာကို စိုးရိမ်တယ်boss"".........."
"Boss ရဲ့အရည်အချင်းတွေကိုထုတ်ပြလိုက်ရင် ဒီလူရှိန်သွားပြီးတော်ရုံထိရဲမှာမဟုတ်ဘူး"
ဥက္ကတ် ဓနရဲ့အကြံပေးချက်တွေကို သေချာနားထောင်နေမိသည်။ဓနပြောသလိုဘဲ
မစွတာချောင်က ကောက်ကျစ်ဆင်းလဲတဲ့နေရာမှာဆိုနှစ်ယောက်မရှိ။ဒါကြောင့်လည်းတရုတ်ပြည်ရဲ့စီပွားရေးသမားတွေက သူ့ကို
ကျားလို့ခေါ်ကြတာ။သူ့ဘာသာကျားမက
နဂါးဖြစ်ဖြစ် ဥက္ကတ်နဲ့တွေ့ရင်တော့ ဒီလူဟာ
ဖွတ်သာသာဘဲဆိုတာ သိအောင်လုပ်ပေးရမှာပေါ့။"ဘယ်လောက်ကြာမှာလဲ"
"လဝက်လောက်ပါ boss..အဲ့ထက်ကျော်ရင်လည်းကျော်သွားနိုင်ပါတယ်"""
သူသွားသင့်မှန်းလည်းသိပါသည်။
ဒါပေမယ့် အိမ်မှာက သော်နဲ့မုန်းနဲ့နှစ်ယောက်တည်းထားခဲ့ရမှာ။နှစ်ယောက်လုံးကလည်းကိုယ်ဝန်က ခြောက်လကျော်နေပီ။မုန်းက
အရင်တုန်းကလိုသွားလာပျော်ပါးနေပေမယ့်
သော်ဒီရက်ပိုင်းသိသိသာသာပိန်လိုက်လာတာကို သတိထားမိသည်။ပြီးတော့လည်း
ဖြူပါတယ်ဆိုတဲ့အသားအရည်က အခုဆိုပိုပြီး နဂိုထက်ဖြူစွတ်ကာ ပန်းရောင်ပြေးနေသည်။ကိုယ်ဝန်ရှိမှ သော်တစ်ယောက်
ဟိုးအရင်ကထက်ပိုပြီးနုဖက်နေပေမယ့်
သူကတော့ အားမရ...သော်တစ်ခုခုဖြစ်သွားမှာစိုးရိမ်ပါသည်။ဒါပေမယ့် အလုပ်ကိစ္စကလည်းမသွားလို့မဖြစ်။ဟူး....သူသွားခဲ့ရင်
သော်တစ်ယောက်အရမ်းကို အားငယ်နေတော့မှာဘဲ။
YOU ARE READING
"Love Servant"(On Going)
Fantasyအချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။