"အခုအလှည့်ကျတဲ့သူကတော့ ချစ်စရာသမီးငယ်လေး သံယာခိုက်သော် ဘဲ ဖြစ်ပါတယ်ရှင့်"""""
"သံ..ယာ..ခိုက်သော်""
ဒီနာမည်ကိုကြားရတာ ဥက္ကတ်အတွက်ဒုတိယကြိမ်မြောက်ပင်...။စင်အောက်ဘက်ရှိ
VlPတွေအတွက်ပြင်ဆင်ပေးထားတဲ့ခုံတွေရဲ့
အလယ်နေရာမှ ထိုင်နေသော်လည်း စင်ပေါ်ကလျှောက်လှမ်နေသူတွေကို ကြည့်မနေ။
ညနေတက်ရမည့် အစည်းအဝေးအတွက်
အချက်အလက်တွေကိုသာ စစ်ဆေးနေမိသော်လည်း 'သံယာခိုက်သော်'ဆိုတဲ့
အမည်နာမလေးအဆုံး စင်ပေါ်သို့အကြည့်ပို့မိလိုက်တော့ သူ့ကိုကတ်ကတ်လန်နေအောင်
ရန်တွေ့သွားသည့် စွာတေးမလေးပင်။
ပန်ရောင်ဂါဝန်လေးကိုဝတ်ဆင်ကာ ကျောလယ်နားလောက်ရှိမည့်ဆံပင်လေးတွေကို
အပေါ်မြင့်မြင့် စည်းပေးထားတာကြောင့်
မျက်နှာလေးက ရှင်းလင်းကြည်လင်နေလေသည်။အရွယ်ငယ်သေးသော်လည်း
စင်ပေါ်တွင်အကြောက်အလန့်စိုးစဉ်မှမရှိဘဲ
ခြေလှမ်းမှန်မှန်နဲ့လျှောက်နေတာက ဆရာကျလှပါသည်။မနက်က toilet ထဲတွေ့ကတည်းက ဒီကလေးလေးကိုသေချာသတိထားမိပါသည်။
ဘာလို့ဆို.....တစ်စုံတစ်ယောက်နဲ့အရမ်းတူနေသည်မလား...။သူ့ရဲ့သမီးလေးရှိနေခဲ့ရင်လည်း ဒီအရွယ်လောက်ရှိနေပီလေ။ဥက္ကတ်စဉ်းစားကြည့်ရုံနဲ့တင်မျက်ရည်စတို့က ရစ်သိုင်းလာရသည်။ဒါပေမယ့်လည်း ကိုယ်က
အကြီးအကဲဖြစ်နေတာကြောင့် မျက်ရည်စတွေကိုပုတ်ထုတ်လိုက်ပြီး စင်ပေါ်ကိုပြန်အာရုံစိုက်မိတော့ စွာတေးလေးကိုမတွေ့ရတော့ပေ။
သိပ်မကြာခင်မှာပင်...
ကလေးအစီအစဉ်ပြီးဆုံးကာ လူကြီးများအလှည့်ကိုရောက်လာလေ၏။စင်ပေါ်မှာ
သူတို့လုပ်ငန်းမှ ထုတ်လုပ်ထားသည့်
Fashion design တွေကိုဝတ်ကာ လျှောက်လှမ်းနေသော် မိန်မပျိုလေးများ..။ဘေးနားမှာကြည့်နေသည့် လုပ်ငန်းရှင်တွေကdesign
ဖန်တီးမှုတွေထက် မော်ဒယ်တွေရဲ့ရုပ်ရည်
ခန္တာကိုယ်တွေကို တနှာမျက်စိတွေဖြင့်ကြည့်နေတာကြောင့် စုပ်သက်လိုက်မိသည်။ဘယ်လောက်တောင်စိတ်ပျက်စရာကောင်းတာတွေများလဲ...။"ဟို.... limited fashion တွေကိုပွဲမထုတ်ခင်လေး လူကြီးမင်းတို့ကို အသိပေးစရာလေးရှိလို့ပါရှင့်...
T&K fashion company ရဲ့ ပင်တိုင်မော်ဒယ်အဖြစ်ရွေးချယ်ခံရတဲ့ မမေမီခိုင်က
Personal ကိစ္စလေးရှိလို့ ယနေ့ပွဲကိုမလာနိုင်ခဲ့ပါဘူး...အဲ့ဒီ့အစား အခြားမော်ဒယ်တစ်ယောက်ကို limited fashion အတွက်ပြင်ဆင်ထားပါတယ်ရှင့်..."""
ESTÁS LEYENDO
"Love Servant"(On Going)
Fantasíaအချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။