Part_7(U+Z)

1.9K 91 0
                                    

"သားဇွန်..ဒီမှာထိုင်နှင့်ပြီးTVကြည့်ဦးနော်"
"အန်တီသားဇွန်စားဖို့သစ်သီးသွားပြင်လိုက်ဦးမယ်"

"သားလုပ်ပေးမယ်လေအန်တီ"

"နေပါစေသားရယ်ဒီတစ်ခါတော့အန်တီလုပ်ပေးပါရစေနော်"

"ဟုတ်"

ဇွန်လည်းအန်တီကြီးစကားကိုခေါင်းညိမ့်လိုက်ပြီးသင်တန်းသွားရန်အချိန်လိုသေးတာကြောင့်TVမှလာသောအစီအစဉ်များကိုထိုင်၍ကြည့်နေမိသည်။

ဒေါ်မေစီခန်းသစ်သီးယူပြီးပြန်ထွက်လာချိန်မှာအာရုံစူးစိုက်မှုအပြည့်ဖြင့်သူလာထိုင်တာတောင်မသိဘဲ TVဖန်သားပြင်သို့မျက်တောင်မခတ်တမ်းစိုက်ကြည့်နေသောသားဇွန်၊မျက်လုံးများကလည်းပြုံးရိပ်သန်းပြီး၊နှုတ်ခမ်းထောင့်စွန်းလေးတွေကပါအပေါ်သို့မသိမသာကော့ညွတ်နေသေးသည်။'ဘာတွေကိုစိတ်ဝင်စားလို့ဒီလောက်တောင်ကြည့်နေရတာလဲ'ဆိုပြီးကြည့်လိုက်တော့
i phoneနောက်ဆုံးပေါ် designကိုကြော်ငြာနေသောသူမ၏သား။

"သားဇွန်ကဒီဖုန်းကိုသဘောကျလို့လား"

"သားဇွန်"

"ဗျာ.....ဟိုအန်တီဘာပြောလိုက်တာလဲခင်ဗျ၊ကျွန်တော်မကြားလိုက်လို့"

"ဪ..ဖုန်းကြော်ငြာတာကိုစိတ်ဝင်တစားကြည့်နေလို့ဒီဖုန်းကိုသဘောကျလို့လားလို့မေးတာပါ"

"ဖုန်းကိုသဘောကျလို့ရယ်မဟုတ်ပါဘူး
အန်တီရယ်...
ကိုကို...."

ဇွန်လည်းစကားစကိုမြန်မြန်ဖျက်လိုက်ရ၏။

"ဟို.....ကိုဥက္ကတ်ခွန်ခိုက်ကိုသဘောကျလို့ပါ"

ဒေါ်မေစီခန်းလည်းသားဇွန်၏နှုတ်မှသူမ၏သားကို ကိုကိုလို့ခေါ်လိုက်တာကိုကြားဖြစ်အောင်ကြားလိုက်ရပြီးနောက်
ဒေါ်မေစီခန်း၏နှုတ်ခမ်းမှာအပြုံးတို့ဖြစ်တည်လာရ၏။မဟုတ်မှဒီကလေးကသူမ၏သားပေါ်မေတ္တာရှိနေလေမလားဆိုတဲ့မျှော်လင့်ချက်လေးကတစ်စိုးတစ်စိတ်၊သာမာန်ယောကျာ်လေးတစ်ယောက်ကကိုယ့်idolပေါ်ဘယ်လောက်ပင်အားကျသည်ပြောပါစေကိုကိုလို့တော့မခေါ်လောက်ဘူးမလား။

"ဪ...သားကဒီmodelကောင်လေးကိုသဘောကျလို့လား"

"ဟို......."

"Love Servant"(On Going)Donde viven las historias. Descúbrelo ahora