Part_12(U+Z)

1.9K 92 0
                                    

ကိုကိုပြောလိုက်သည့်နေ့မှစ၍အန်တီကြီးတို့နှင့်မဆက်သွယ်ဖြစ်တော့ပါ။တစ်ဖက်မှဆက်သွယ်လာသော်လည်းကိုကို့၏စကားလုံးကြမ်းကြမ်းများကိုမခံနိုင်သောကြောင့်
ထိုကဒ်ကိုထုတ်၍ဖုန်းနံပါတ်ပြောင်းမိသည်အထိပင်။ဇွန်သင်တန်းတက်သည်မှာ5လကျော်ပြီဖြစ်သောကြောင့်ဒီလကုန်လျှင်သင်တန်းပင်ဆင်းရတော့မည်ဖြစ်သည်။
အပ်ချုပ်ဆိုင်လေးဖွင့်ကာဇွန့်အိမ်မက်တွေကိုအကောင်အထည်ဖော်ခွင့်ရတော့မည်။အခွင့်အရေးရလျှင်ရသလိုကြိုးစားပြီးနာမည်ကြီးဒီဇိုင်နာတစ်ယောက်ဖြစ်အောင်
ကြိုးစားရပေမည်။

************************************

ဥက္ကတ်တစ်ယောက်လည်းဘုရားမှပြန်လာသည့်အချိန်မှစ၍သူ့အမေဖြစ်သူ၏လျစ်လျှူရှုခြင်းကိုခံရသည်မှာယနေ့ထိပင်ဖြစ်သည်။ဟိုတစ်ယောက်ကလည်းဘယ်လိုအဆက်အသွယ်လုပ်လုပ်ဖုန်းမကိုင်၊ဖုန်းစိမ်းများဖြင့်ပြောင်း၍ခေါ်သော်လည်းသူ့အသံကြားလျှင်ချက်ချင်းချပစ်၏။အခုဆိုရင်ဖုန်းsimကဒ်ပါထုတ်ပစ်လိုက်ပုံပေါ်သည်။ဘယ်အချိန်ခေါ်ခေါ်'လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်'ဟူ၍သာဖြေဆို၏။အိမ်တွင်မုန့်ဟင်းခါးချက်သဖြင်ဥက္ကတ်လည်းအလုပ်မသွားခင်
မိဇင်တို့ပြင်ပေးသောမနက်စာကိုထိုင်စားနေမိသည်။ဥက္ကတ်ကခေတ်မီမီနေထိုင်သော်လည်းမြန်မာအစားအစာများကိုတော့အမှန်တကယ်ပင်ကြိုက်နှစ်သက်သူဖြစ်၏။

"မသင်းရေ..ငါ့ကိုမုန့်ပြင်ပေးပါဦး"

ဥက္ကတ်စားနေရင်းမှမေမေ့၏အသံကြောင့်
မေ့မေ့ကိုကြည့်၍သွားဖြီးပြလိုက်ပြီး

"Morningမေမေ"

ဒေါ်မေစီခန်းသားဖြစ်သူကိုအရေးမစိုက်ဖြစ်ပေ။ဘုရားပေါ်မှာသားငယ်အ‌ေပါ် သားဖြစ်သူပြောလိုက်သောစကားများမှာရင့်သီးလွန်းအားကြီးပါသည်။အဲ့နေ့ကသူ့သားပြန်လာချိန်တွင်အနောက်မှကောင်ကလေးပါမလာခဲ့ပါ။
ဘယ်ရောက်သွားလဲလို့မေးပေမယ့်အိမ်ရောက်မှပင်ပြောမည်ဆိုသောကြောင့်ရေဘူးသွားဝယ်သောသားထက်ပြန်လာချိန်တွင်အိမ်သို့ပြန်လာဖြစ်ခဲ့ကျသည်။

"Love Servant"(On Going)Où les histoires vivent. Découvrez maintenant