Part_38(U+Z)

2.5K 90 3
                                    

ဥက္ကတ်လည်း‌ တစ်ယောက်အခန်းထဲမှထွက်ကာတံခါးကိုစောင့်ပိတ်လိုက်ပြီး အုတ်နံရံကိုအဆက်မပြတ်ထိုးနှက်နေမိသည်။အုတ်နံရံနေရာမှာ လူတစ်ယောက်သာဆို သူ့လက်ချက်ကြောင့်အသက်ထွက်နေလောက်ပြီ။အခုတော့ သူ့လက်ဆစ်တွေကနေကျဆင်းနေတဲ့သွေးစတွေက နံရံပေါ်မှာအလူးအလဲ။
သူကိုယ်တိုင်တောင်သတိမထားမိတဲ့မျက်ရည်တွေကလည်း မျက်နှာတစ်ပြင်လုံးပြည့်နှက်နေလေပြီ။ဒေါသထွက်နေခဲ့တာမှန်ပေမယ့် ဒီလောက်အထိလုပ်ဖို့ စိတ်ကူးမရှိခဲ့။
သော့်ကိုတွေ့လေ ဆုံးရှုံးရမယ့်စိတ်ကစိုးမိုးနေခဲ့တာကြောင့် ထိန်းမရအောင်ကိုပေါက်ကွဲမိခဲ့တာ။သူသာ အခန်းထဲမှာဆက်နေမိရင်
သော်တစ်ခုခုဖြစ်ရင်ဖြစ်၊မဟုတ်ရင်သူစိတ္တဇဖြစ်တော့မှာ.....။အခုချိန်သိတာက ကိုယ့်ကိုယ်ကိုဒေါသထွက်နေတာဘဲသိတယ်။သူအနိုင်ကျင့်မိတိုင်း ပြန်မလုပ်ဘဲ၊ရုန်းထွက်ခြင်းမရှိတဲ့သူကိုဘဲ အကြိမ်ကြိမ်အခါခါ
စော်ကားနေမိတယ်။မင်းက ငါ့ဆီကထွက်သွားချင်နေတာကို....မင်းကငါ့အနားကထွက်သွားဖို့လုပ်နေတာမို့.....ငါ.....ငါလုပ်မိတာပါ။
မင်းငါ့အနားကထွက်သွားလို့မရအောင်
ငါဘယ်လိုလုပ်ရမလဲ....။

************************************

"သားငယ်ရေ.......မေမေတို့လာတယ်ဝေ့"

"ဟားဟား....အန်တီ‌ရယ်....အိမ်ထဲအရင်ဝင်လိုက်ပါဦး ဘယ်လိုဖြစ်ပြီးစိတ်တွေစောနေရတာလဲ"

မနေ့ကညီ့ကိုဆေးခန်းလိုက်ပြပြီးပြန်ရောက်တော့ အန်တီ့ကို ညီ့ဗိုက်ထဲကသမီးလေးဆိုတဲ့အကြောင်းပြောပြလိုက်လိုက်ကတည်းက
သွားမယ်တကဲကဲလုပ်နေတဲ့အန်တီ့ကို
သာထက် မနည်းတားထားရသည်။အခုလုပ်မိုးမလင်းခင်ထဲက သားငယ်ဆီလိုက်ပို့ပေးပါဆိုလို့ ထွက်လာခဲ့ခြင်းပင်။အခုလည်းကြည့်ကားပေါ်ကဆင်းကတည်းက သားငယ်ရေဆိုပြီး တစ်ကြော်ကြော်အော်နေတဲ့အန်တီပါပင်။

"စောရမယ်လေ...သားထက်ရဲ့...သားငယ်လေးကအန်တီ့ရဲ့မြေးမလေးကိုလွယ်ထားရတာလေ။သားထက်လည်း တူမလေးရမှာကို
ဝမ်းမသာဘူးလား....."

"ဝမ်းသာတာပေါ့အန်တီရယ်......လာလေ
အထဲဝင်ကြရအောင်"

သာထက်နဲ့ဒေါ်မေစီတို့အိမ်ထဲဝင်သွားတော့
အသံတွေတိတ်ဆိတ်နေသလို သားကိုရော၊သားငယ်ရဲ့အရိပ်အယောင်တောင်မတွေ့ရ။

"Love Servant"(On Going)Donde viven las historias. Descúbrelo ahora