Part_10(U+Z)

2K 90 0
                                    

"မောင်""""""

"မောင့်မေမေကဘာလို့အဲ့ကောင်လေးကို
ပတ်စားပေးနေရတာလဲ၊တကယ်ဆိုရင်မုန်းကိုသူ့ချွေးမအဖြစ်မိတ်ဆက်ပေးရမှာလေ၊
အခုတော့ကြည့်ပါဦးမောင်ရယ်၊မုန်းကိုလူကြာထဲမှာအရှက်ကွဲအောင်လုပ်လိုက်တာဘဲ"

မုန်းလည်းနှုတ်ခမ်းတစ်ဖက်ကို‌မောင်မမြင်အောင်ကွေး၍ပြုံးလိုက်ပြီးချက်ချင်းပင်စိုးရိမ်ပူပင်သလိုမျက်နှာထားဖြင့်

"မောင်ရယ်..မုန်းကမောင့်အတွက်စိတ်ပူလို့ပါ။မောင်ကအန်တီရဲ့တစ်ဦးတည်းသောသားလေ။အန်တီပိုင်ဆိုင်သမျှကလည်းမောင်တစ်ယောက်ထဲဘဲရသင့်ရထိုက်တာ၊မောင့်မှာဇနီးမယားရှိလာရင်တော့တစ်မျိုးပေါ့။မုန်းက
မောင့်ရဲ့ပစ္စည်းဥစ္စာတွေကိုလိုချင်တက်မက်လို့ပြောနေတာမဟုတ်ဘူးနော်။ဖြစ်သင့်ဖြစ်ထိုက်တာကိုပြောနေတာ၊အခုဘဲကြည့်...
မောင်နဲ့သွေး‌မတော်၊သားမစပ်တဲ့လူတစ်ယောက်ကိုသားငယ်၊သားငယ်နဲ့ပါးစပ်ဖျားကကိုမချဘူး၊ဒီတိုင်းသာဆက်သွားနေရင်မောင့်ရဲ့ပိုင်ဆိုင်မှုတွေကိုဒီကောင်လေးကလုယူသွားလိမ့်မယ်၊ပိုင်ဆိုင်မှုဆိုတဲ့အထဲမှာမောင့်မေမေရဲ့မေတ္တာတွေကိုပါပြောတာနော်။ကောင်းလေးကိုကြည့်ရတာလည်းအပေါ်ယံကရိုးသားသယောင်နဲ့သူ့မှာအကြံတွေအပြည့်ရှိနေပုံရတယ်။ဒီကောင်လေးနဲ့ပတ်သတ်ပြီးတစ်ခုခုတော့မောင်စီစဉ်သင့်ပြီနော်"

ဥက္ကတ်လည်းအိမ်မှထွက်လာကတည်းကစိတ်ရှုပ်ထွေးနေစဉ်မုန်းဝင်မာန်၏စကားများကိုကြား၍စိတ်ရှုပ်ထွေးမှုမှဒေါသအဖြစ်သို့ပြောင်းလဲသွားရ၏။မုန်းပြောသလိုဒီကောင်လေးကသူ့အမေပေါ်လိမ်ညာလှည့်စားနေတာလား၊၊၊တကယ်လို့လိမ်ညာနေတာဆိုရင်သူ
ဘာဆက်လုပ်ရမလဲ။သေချာတာကတော့လုံးဝခွင့်မလွှတ်နိုင်၊သူအမုန်းဆုံးအရာကသူ့ကိုလိမ်ညာခြင်းမလား။ဥက္တတ်တွေးရင်ဖြင့်ထိုကောင်လေး၏မျက်နှာကိုမျက်လုံးထဲပြန်မြင်ယောင်မိသည်။မျက်နှာလေးကအပြစ်ကင်းစင်သလောက်မင်းမှာအကြံတွေရှိနေတာလားကောင်လေး။

မုန်းလည်းဥက္တတ်၏မျက်နှာကိုကြည့်၍ကျေနပ်နေမိပါသည်။အခုဆိုသူ့ရဲ့သွေးထိုးမှုကအကုန်မဟုတ်တောင်အစပိုင်းမှာပင်အောင်မြင်စပြုနေပြီမလား၊

"Love Servant"(On Going)Donde viven las historias. Descúbrelo ahora