Part_25(U+Z)

2.1K 86 2
                                    

ထမင်းစားဝိုင်းတစ်ဝိုင်းထဲမှာထိုင်နေမိသော်လည်းစကားတစ်စွန်းတစ်စမျှထွက်မလာ။ကျွန်တော်ကလည်းကိုကို မနက်စာစားဖို့အတွက်ပြင်ဆင်ပေးနေသလို ကိုကိုကလည်းမျက်နှာသေဖြင့်သာသူပြင်ဆင်ပေးနေသောအရာများကို သာကြည့်နေသည်။ပြင်ဆင်ပေးပြီး၍ထွက်သွားရန်ပြင်ဆင်ထားသောလည်း ကျွန်တော့်လက်တစ်ဖက်ကို လှမ်းဆွဲလိုက်သောကိုကို၊ကိုကို့မျက်နှာကိုကျွန်တော်လှည့်မကြည့်ဖြစ်ပါ။ကျွန်တော့်ကိုယ်ကျွန်တော်ကိုယ်ရည်သွေးပြောတာမဟုတ်..ကျွန်တော့်အသားအရည်ကအရမ်းsensetiveဖြစ်သလို၊အသားဖြူသူမို့ပိုဆိုးပါသည်။မနေ့ကအရိုက်ခံထားရတဲ့ဘက်မှာအခုထိလက်ရာမပျောက်သေးသလိုသွေးခြေပင်ဥနေသေးသည်။
ဒီဒဏ်ရာ‌တွေ ကိုကို့ကိုမမြင်စေခြင်တာကြောင့်လှည့်ထွက်လာသော်လည်းမရ။

"မင်းကမစားသေးဘူးလား"

"ကျွန်တော်ဗိုက်မဆာသေးလို့ပါကိုကို"

"ဗိုက်မဆာလည်းတစ်ခါတည်းစား!မင်းက
ငါ့မျက်နှာကိုတောင်မကြည့်ချင်တော့ဘူးပေါ့..!!"

ကိုကို့ရဲ့လက်မှရုန်းထွက်ကာ စားပွဲခုံမှာဝင်ထိုင်လိုက်တော့ကျွန်တော့်ရဲ့ဒ‌ဏ်ရာရထားတဲ့မျက်နှာတစ်ခြမ်းက ကိုကို့ဘက်သို့တည့်တည့်ရောက်သွားလေတော့မှ.....

"ဟင်!...မင်းမျက်နှာမှာ...."

အံ့ဩတကြီးဖြစ်နေသောကိုကိုရဲ့မျက်နှာ

"ဪ....ဒါလား....."

"..........."

"ကျွန်တော်အဆင်ပြေပါတယ်"

ကျွန်တော်ကိုကို့ရဲ့မျက်နှာကိုကြည့်၍ပြုံးပြလိုက်မိပါသည်။သူတကယ်လည်းအဆင်ပြေနေတာဘဲမလား ....ဒီလောက်ဒဏ်ရာလေးနဲ့ကိုကို့နားကစိတ်ပျော့ပြီးထွက်သွားမည့်သူတော့မဟုတ်။ကိုကို့ကြည့်နေတုန်းထမင်းစားခန်းထဲမှရုတ်တရက်ထွက်သွားပြီးသိပ်မကြာလိုက်...ချက်ချင်းပြန်ဝင်လာလေသည်။ထို့နောက်ကိုကို့လက်တွေကသူ့အရှေ့ဆန့်ထုတ်လိုက်ပြီးပေးလာသောအရာတစ်ခုက
အရောင်ကျဆေးဘူးလေးတစ်ဘူး.........။
အခု....ကိုကိုက သူ့ကိုစိတ်ပူနေတာလား......
ကျွန်တော့်ကိုလေ....။ကိုကို့စိတ်ပူမှုသာ ခံရရင် ဒီထက်ဆိုးတဲ့နာကျင်မှုတွေကိုလည်းသူဥပေက္ခာပြုနိုင်ပါသည်။

"Love Servant"(On Going)Where stories live. Discover now