'ဥက္ကတ်' လည်းစိတ်တိုတိုနဲ့ အိမ်ထဲကထွက်လာခဲ့လိုက်ပြီးနောက် အလုပ်ကိုသာတန်းထွက်လာခဲ့လိုက်သည်။တကယ်ဆိုသူ့ဟာသူတောင်ဘာကိုစိတ်တိုသွားမှန်းမသိ၊ဒီကောင်လေးကိစ္စက သူနဲ့မဆိုင်တာကို ဘာလို့များဂရုစိုက်နေမိရတာလဲ၊သူ့ဟာသူနေချင်သလိုနေလို့ရတာဘဲမလား.....၊ကျစ်........နေလို့ရတယ်ဆိုပါဦး အခုလောလောဆယ်ကသူက ကိုယ်နဲ့လက်ထပ်ထားတာလေ၊အနေအထိုင်ဆင်ခြင်သင့်တာပေါ့၊ဒီကိစ္စမှာကိုယ်မမှားခဲ့တာကိုယ်သာအသိဆုံး၊ဒီကောင်လေးက
အကောင်သေးသလောက်တော်တော်အဆိပ်ပြင်းတဲ့ကောင်ဘဲ...၊သူ့ကို'ချစ်ပါတယ်'ဆိုတဲ့စကားက ပါးစပ်ဖျားကပင်မချ၊လုပ်လိုက်တော့သောက်တလွဲ၊တစ်ယောက်ထဲမနေရဲလို့
သူစိမ်းယောက်ျားလေးရှိတဲ့အိမ်မှာသွားအိပ်တဲ့skillကနည်းတာမှမဟုတ်တာ........
'သော်တာဇွန်'မင်းတော်တော်အရှက်မဲ့တာဘဲ။*****************
ညနေရုံးဆင်းချိန်ရောက်နေသော်လည်းမနက်ထဲကစိတ်မကြည်တာအခုထိ၊မျက်လုံးထဲမှာလဲ တစ်ခုမှအချိုးမပြေ။မေမေဒီလူတွေကို
ဘယ်လိုများကြည့်ခန့်ထားခဲ့တာလဲ။"ကလင်...ကလင်"
"ကလင်..ကလင်...ကလင်"စိတ်ရှုပ်နေသည့်အချိန် ဖုန်းကလာတာကြောင့် ကိုင်လိုက်တော့...
"ဟဲလို..."
"................."
"အေး ....ငါလာခဲ့မယ်"
အနုပညာလောကမှာအခြေချခဲ့တုန်းက
သူနှင့်သူငယ်ချင်းတစ်ယောက်လိုရောအစ်ကိုတစ်ယောက်လိုပါရင်းနှီးခဲ့သည့်
ကိုရှိုင်းသွင်ပြင်မှ ဒီညသောက်ဖို့အတွက်
အဖော်ညှိခြင်းကို မငြင်းဖြစ်လိုက်ပေ။သူလည်းအိမ်မပြန်ချင်တာနဲ့အတော်ဘဲမလား။
အိမ်ပြန်ရင်ဟိုကောင်လေးမျက်နှာကို မြင်နေရဦးမယ်။သူ့တွေ့ရင်လူက အလိုလိုစိတ်တို၊
စိတ်တိုတော့မြန်မြန်အိုစာ...."ဟူး......'ဥက္ကတ်ခွန်ခိုက်'ရေ မင်းတော့ဝဋ်ကျွေးရှိသမျှခံလိုက်ပေဦးတော့"
လေပူတွေကိုမှုတ်ထုတ်ပြီး ကိုယ့်ကိုယ်ကို
အားပေးစကားပြော၍ လုပ်လက်စများကိုလက်စသတ်လိုက်၏။ပြီးပြီဆိုတာနဲ့တွေ့ဖို့ချိန်းထားသည့်နေရာကိုသာတန်းထွက်လာလိုက်သည်။
YOU ARE READING
"Love Servant"(On Going)
Fantasyအချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။