Part_3(U+Z)

2.4K 103 0
                                    

ကျွန်တော်သင်တန်းတက်တာတစ်ပတ်တိတိပြည့်ခဲ့ပါပြီ။ဒီနေ့ကတော့အားလပ်ရက်လည်းဖြစ်တော့သင်တန်းကပါတဲ့အိမ်စာတွေလုပ်၊ပြန်လေ့လာနဲ့အားလပ်ရက်လေးကိုအသုံးချမိ၏။မိမိဝါသနာပါရာမို့လားမသိသင်တန်းတက်ရသည်မှာပျင်းတယ်ကိုမရှိ၊အရမ်းစိတ်ဝင်စားဖို့ကောင်းလှ၏။သင်တန်းကဆရာကလည်းအသင်အပြကောင်း၍လုပ်ရသည်မှာအခက်အခဲမရှိအဆင်ပြေလှ၏။ဝေယံလည်းဒီနေ့အလုပ်ပိတ်ရက်နှင့်တိုက်သဖြင့်သူငယ်ချင်းနှစ်‌ယောက်အပြင်ထွက်လည်ရန်တိုင်ပင်ထားကြသည်မို့လိုအပ်တာလေးတွေဝယ်ရင်းထမင်းလည်းချက်မစားဘဲအပြင်မှာသားစားရန်စီစဉ်ထားသည်။ဇွန်လည်းအိမ်စာတွေလုပ်ပြီးနာရီကြည့်တော့1နာရီထိုးနေပြီမို့ရေမိုးချိုးရန်ပြင်ဆင်ရတော့သည်။

"ဇွန်ရေ မင်းရေမချိုးသေးဘူးလား၊သွားရမယ့်ဟာကိုမြန်မြန်လုပ်လေကွာ၊ငါကပြီးသွားပြီမင်ကိုမစောင့်ဘူးနော် မြန်မြန်လုပ် ဟေ့ကောင်"

ဇွန်တွေးလို့မှမဆုံးသေး ဝေယံ့အသံပြဲပြဲကြီးက ဇွန့်နားထဲကန့်လန့်ဝင်၏

"ဟုတ်ပါပီအဖေရယ် ကျွန်တော်မျိုးချိုးနေပါပီနော်၊ခနလောက်စောင့်ပေးတော်မူပါဘုရား"

ဇွန်လည်းဝေယံ့ကိုရွဲ့ပြောလိုက်၏။ဝေ့ယံ့၏ပြန်ပြောသံတွေကိုဂရုမစိုက်တော့ဘဲရေချိုးခြင်းအမှုကိုမြန်မြန်အပြီးသတ်လိုက်ရသည်။

************************************
ဇွန်တို့သူငယ်ချင်းနှစ်ယောက် လှည်းတန်းဘက်ကိုအရင်သွား၍ဝယ်စရာရှိတာများကိုဝယ်၏။ထို့နောက်ကြေးအိုးဆီချက်ဆိုင်လေးမှာဝင်၍ဖိုက်ဖြည့်ပြီးတခြားတစ်နေရာသို့ခရီးဆက်ရန်ပြင်ရ၏။ကားမှတ်တိုင်သို့အရောက်ဝေယံကသူ့အိမ်မှဖုန်းဆက်လာသဖြင့်ဖုန်းပြောခြင်းအမှုကိုပြုသည်။ဇွန်လည်ဝေယံ့ကိုစောင့်တုန်းဖုန်းကြည့်ရန်အထုတ်ဖုန်းကိုရှာမတွေ့တော့ပေ။ဇွန်စဉ်းစားကြည့်တော့ဆီချက်ဆိုင်မှာသင်တန်မှသူငယ်ချင်းတစ်ယောက်
နှင့်ဖုန်းပြောပြီးပြန်မသိမ်းမိခဲ့ပုံပင်၊ဝေယံကလည်းဖုန်းပြောပြီးနယ်မှသူ့ကြီးတော်ကြီးနေမကောင်း၍မြို့ကိုဆေးလာကုဖို့မိမိတို့တိုက်ခန်းအရှေ့သို့ရောက်နေပီဆိုသောကြောင့်ဝေယံ့ကိုအကျိုးသင့်အကြောင်းသင့်ပြောပြီးတစ်ကိုယ်တည်းသာပြန်လွှတ်လိုက်ရ၏။သူလည်းဇွန့်ကိုဆက်စောင့်၍မရတော့ဘူးမလား။ဝေယံထွက်သွားပြီးနောက်ဇွန်ကတော့ကြေးအိုးဆီချက်ဆိုင်လေးသို့.....

"Love Servant"(On Going)Onde histórias criam vida. Descubra agora