Part_2(U+Z)

3.9K 124 0
                                    

"ဟူး......ပူလိုက်တာကွာ၊ရာသီဥတုကလည်း"

ဇွန် သင်တန်းအပ်ပီးမှအပြန် ပူပြင်းလှသောရာသီဥတုကို ညည်းညူမိ၏။မိမိအခုရောက်နေသည်မှာ junction city အရှေ့ဝင်ပေါက်နားမှာဖြစ်သဖြင့် အဆောက်အဦးအတွင်းမှ ကျိတ်ကျိတ်တိုးနေသောလူထုနှင့်အတူအော်ဟစ်သံများလည်းဆူညံနေ၏။

"အားးးးးးးးချောလိုက်တာ ကိုခိုက်ရေ"

"Wow......ငါ့ကောင်လေးကချောလိုက်တာ"

"ကိုခိုက်ရေညီမဘက်ကိုတစ်ချက်လောက်ကြည့်ပါဦး" စသဖြင့်အသံများကလည်း

မကြားချင်မှအဆုံး၊ဇွန်ရှေ့ဆက်သွားဖို့ပြင်လိုက်ပေမဲ့ဇွန့်ရဲ့စပ်စုတက်တဲ့ဝါသနာလေးအရခြေလှမ်းများကအဆောက်အဦးအတွင်းဆီသို့၊ကြားရသောစကားများအရ ကိုခိုက်ဆိုတာသူအရမ်းမြတ်နိုးရပါသော သူ့idolများဖြစ်နေမလားဆိုတဲ့မျှော်လင့်ချက်လေးကလည်း တစိတ်တစ်ပိုင်းပါဝင်လျှက်

အထဲသို့အရောက်သူမြင်လိုက်သောမြင်ကွင်းကသူ့ခြေလှမ်းများသာမက သူ့နှလုံးသားကြီးတစ်ခုလုံးပါရပ်တန့်သွားသယောင်၊
ဟုတ်ပါသည် သူကတော့နာမည်ကြီး modelအဖြစ်ရောသရုပ်ဆောင်အဖြစ်ပါ အနုပညာလောကတွင် နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲ 'ဥက္ကတ်ခွန်ခိုက်'ပါဘဲ၊သူ့အတွက်ကတော့သူ့ရဲ့ကမ္ဘာကြီးလို့လဲပြောလို့မမှားလောက်အောင်သူ့နှလုံးသားမှာအမြစ်တွယ်နေခဲ့ပါပြီ။
ချစ်ရသောသူကမသိပေမယ့်လည်းပေါ့။

at 6:00pm
ဇွန်တစ်ယောက်အိမ်ရှေ့လေသာဆောင်မှာ
မတ်တပ်ရပ်နေသည်မှာဘယ်လောက်ကြာသွားလည်းမသိ၊အိမ်သို့ဘယ်လိုပြန်ရောက်ခဲ့လဲဆိုတာပါမသိခဲ့ပါ၊အမှန်တိုင်းပြောရရင်
သူနဲ့တွေ့ခဲ့ပြီးသူ့အမြင်အာရုံမှာရောထိုသူ၏လှုပ်ရှားမှုအဖုံဖုံကပ်ငြိနေ၏။တစ်ခြားသူ‌ေတွကမေးပါလိမ့်မယ်အပြင်မှာလည်းမတွေ့ဖူး၊စကားလည်းမပြောဘူး၊နင့်ဖြစ်တည်မှုတောင်သူမသိပါဘဲအရူးမထစမ်းနဲ့လို့။သူတို့တွေအရူးထတယ်ပြောပြော၊ဂေါက်တယ်ဘဲပြောပြောကျွန်တော်ကတော့ကျွန်တော့်ဖြစ်တည်မှုကိုသူသိစရာမလိုပါဘူး၊ကျွန်တော်ဘက်ကသာသူ့ကိုချစ်နေရရုံနဲ့အရာရာဟာပြီပြည့်စုံနေခဲ့ပါပြီ။

"Love Servant"(On Going)Où les histoires vivent. Découvrez maintenant