ဇွန့်မှာကိုကို့နှင့်မျက်နှာချင်းတောင်မဆိုင်ရဲတာကိုအခုတော့ဘေးချင်းကပ်ထိုင်နေရတဲ့ဖြစ်ခြင်း။ကိုသာထက်ကကားမောင်ပြီး
lover seatမှာတော့အန်တီကြီးထိုင်နေ၏သူနှင့်ကိုကိုကတော့အနောက်ခန်းမှာ၊ဇွန့်မှာကိုကိုနှင့်ကားအတူတူစီးရမည်ဟုတွေးပင်မတွေးဘူး၊ဒါတင်မကဟိုတစ်ခေါက်က ကိုကို့အခန်းသို့ဝင်၍ရေးတောင်ချိုးခဲ့သေး၏။ဒီကိစ္စကို ကိုကိုသိရင်တော့စိတ်ဆိုးမှာအမှန်ပင်၊
ဇွန်လည်းကိုကိုရဲ့စိတ်ဆိုးနေသောမျက်နှာကြီးကိုပုံေဖာ်ကြည့်၍ရယ်ချင်စိတ်ကိုမနည်းထိန်းထားရသည်။ထိန်းထားသည့်ကြားထဲမှရယ်သံတစ်စိုးတစ်စကထွက်ဖြစ်အောင်ထွက်သွားသောကြောင့်"ခွီ"
ကိုကိုကသူ့ဘက်ကိုမျက်မှောင်ကြီးကြုတ်၍
လှည့်ကြီးပြီးကားမှန်ဘက်သို့ပြန်လှည့်သွား၏။ဟူးးးးးးးးးဇွန်လည်းအခုမှပင်သက်ပြင်းချနိုင်တော့သည်။
ဘုရားသို့ရောက်သော်ကားကိုဂိတ်တွင်ရပ်၍ဝင်လာခဲ့သည်။လပြည့်နေ့ဖြစ်သော်လည်းနေ့ခင်းဘက်ပူပြင်းလှသောရာသီဥတုကြောင်ဘုရားပေါ်တွင်လူရှင်းနေ၏။ဇွန်တို့လည်းမိမိတို့၏နေ့နာမ်ထောင့်တွင်နေရာယူ၍မြတ်စွာဘုရားအရှင်မြတ်ကြီးအားရှိခိုးပူဇော်ပြီးနောက်ရေသပ္ပာယ်ကာအရိပ်ရသောနေရာတွင်နေရာယူဖြစ်ကြသည်။"အမလေး...နေကလည်းပူလိုက်တာနော်"
"ရေဆာလိုက်တာ ..သာတို့မှာရေဘူးပါလား"ဟုတ်ပါသည်။နေပူချက်ကခြေထောက်တွေပင်ကျက်တော့မယောင်၊ဇွန်တောင်ဒီလောက်ပူတာကိုအန်တီကြီးဆိုဘယ်ခံနိုင်ပါ့မလဲ။
"အန်တီ...ကျွန်တော်ရေဘူးသွားဝယ်လိုက်မယ်လေ၊ခနလေးစောင့်နော်"
ကိုယ့်ကြည့်တော့ဖြင့်နေပူဒဏ်ကြောင့်ပါးဖောင်းဖောင်းလေးနှစ်ဘက်မှာအနီရောင်ပြောင်းလုနီးပါးဖြစ်နေသောကောင်လေးကရေဘူးသွားဝယ်မည်လုပ်နေသောကြောင့်လက်ကိုလှမ်းဆွဲ၍တားလိုက်ရ၏။
"နေပါညီရယ်၊အစ်ကိုဘဲသွားဝယ်လိုက်ပါ့မယ်၊အပြင်မှာနေအရမ်းပူနေတာညီရဲ့"
"ဟုတ်ပါတယ်..သားငယ်ရယ်၊သားထက်ကိုဘဲလွှတ်လိုက်ပါ၊ဒီလောက်ပူနေတဲ့ဟာကို"
YOU ARE READING
"Love Servant"(On Going)
Fantasyအချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။