ဥက္ကတ်မုန်းနဲ့စကားများပြီးအပေါ်သို့တက်လာခဲ့သည်။အခန်းထဲရောက်တယ်ဆို မိမိကိုယ်ကို စိတ်ပျက်နေမိခြင်းနှင့်အတူ ကုတင်ပေါ်မှာခေါင်းငိုက်စိုက်ချ၍ထိုင်နေလိုက်၏။
ဒီရက်ပိုင်းအတွင်းတွေမှာမုန်းကိုအရမ်းစိတ်ပျက်နေမိသည်။မုန်းရဲ့ပုံစံကိုအရမ်းကြီးသဘောမကျပေမယ့် အချိန်ကြာလာရင်အဆင်ပြေသွားမယ်ထင်ခဲ့သော်လည်း
လက်တွေ့ကျတစ်ခြားဆီ။မုန်းက လူတွေကိုအလေးမထားတတ်တာသိထားခဲ့ပေမယ့်
သူနဲ့သူ့ရဲ့ရင်သွေးလေးအပေါ်တော့ ဒီလိုလုပ်လိမ့်မယ်လို့မထင်ထားခဲ့။ဥက္ကတ်လက်ဆစ်မှ
နာကျင်မှုခံစားနေရတာကိုသိသည်။ဒါပေမယ့်ဂရုမစိုက်ဖြစ်။ဟိုးအရင်ထဲကအပြင်မှာပြဿနာဖြစ်လာလို့ဒဏ်ရာရလာခဲ့ရင်လည်းသူမသိကျိုးကျွန်ပြုခဲ့တာဘဲမဟုတ်လား။
ပြင်ပဒဏ်ရာလေးဘဲ အချိန်တန်ပျောက်သွားမှာပေါ့။ဥက္ကတ်မိမိဒဏ်ရာကိုပြန်ကြည့်ကာ စိတ်အစဉ်တွေလွင့်မြောနေတုန်း သူ့ရဲ့လက်တစ်ဖက်ကို ဆွဲယူလိုက်တဲ့အထိအတွေ့လေး။
တကယ့်ကိုညင်သာမှုအပြည့်ဖြင့်ထိတွေ့ကိုင်တွယ်လှုပ်ရှားနေတဲ့လက်ချောင်းသွယ်လေးများ။ဒီအနံ့....ဒီအနံ့လေးကသူအရမ်းကိုမက်မောနေမိတဲ့ သော်ရဲ့ကိုယ်သင်းနံ့လေး။
သော့်ဆီက ကိုယ်သင်းနု့လေးက သူနာခေါင်းမှအနံ့အာရုံအတွင်းသို့ဖြတ်သန်းဝင်ရောက်လာတယ်ဆို ညစ်ညမ်းနေတဲ့သူ့ရဲ့စိတ်အစဉ်က အုံ့မှိုင်းနေတဲ့မိုးသားတွေကိုတိုက်ထုတ်ခဲ့တဲ့လေပြေလေးများပမာ။စိတ်နဲ့ကိုယ်နဲ့သေချာကပ်အောင်ကြည့်လိုက်တော့သူ့ရဲ့လက်မှ ဒဏ်ရာတွေကို ဂွမ်းတံလေးဖြင့်သန့်ရှင်းကာ ဆေးထည့်ပေးနေပုံရပါ၏။သူကိုယ်တိုင်ကလည်း သော်ရဲ့ဂရုစိုက်မှုလေးတွေအပေါ်မှာ တစ်နေ့တစ်ခြားရုံးမထွက်နိုင်တော့ပါ။တစ်ခါတစ်လေစဉ်းစားလိုက်မိပါသည်။သော့်ကိုများသူချစ်နေမိတာလား....။ဒီမေးခွန်းကိုအထပ်ထပ်အခါခါကိုယ့်ကိုယ်ကိုမေးနေမိသော်လည်း တိကျသေချာတဲ့အဖြေဆိုတာ သူ့ဆီမှာမရှိခဲ့။အစကမျိုးတူယောကျာ်းလေးချင်းချစ်ကြိုက်တဲ့ကိစ္စကိုရွံမုန်းစရာတစ်ခုအဖြစ်သတ်မှတ်ထားခဲ့တာ။
ဒါပေမယ့်လေ သော်နဲ့လက်ထပ်ပြီးအချိန်ကနေအခုထိ သူ့ဘက်ကနေသာ သော့်အပေါ်ကို
အပြစ်တွေဆက်တိုက်လုပ်နေခဲ့မိတာ။သော့်ကိုမုန်းလေမုန်းလေ သော့်အပေါ်မှာ သံယောဇဉ်ဖြစ်နေမိလေဘဲ။သော့်အနားမှာ
သူရှိနေမိတဲ့အချိန်တွေဆို မုန်းဘေးနားမှာနေရတာထက် အေးချမ်းရပါသည်။ပျော်ရွှင်ရပါသည်။ကြည်နူးရပါသည်။သူဒီတစ်ခါလောက်ရူးမိုက်ပစ်ရလေမလား။သော့်အပေါ်မှာ ရှိနေတဲ့ခံစားချက်တွေကိုဝန်ခံလိုက်ရတော့မလား။မုန်းကိုရောသူတကယ်ချစ်ခဲ့မိလေသလား။ဒါဆိုရင်မုန်းနဲ့သူ့ရဲ့ရင်သွေးလေးကရော.......။
YOU ARE READING
"Love Servant"(On Going)
Fantasyအချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။