Part-52(U+Z)

2.2K 125 5
                                    


"ဒေါက်...ဒေါက်""
"ကျွန်တော်ဓနပါ..boss"

"ဝင်ခဲ့"

ဥက္ကတ်သူ့အရှေ့အရောက် ခါးညွှန့်၍ အရိုအသေပြုနေသော မိမိအတွင်းရေးမှူးကိုအလုပ်လုပ်နေရင်းနှင့်ပင် မျက်လုံးတစ်ချက်ပင့်ကြည့်ကာ...

"ဘာကိစ္စရှိလို့လဲ""

"မေမီခိုင်က bossနဲ့တွေ့ခွင့်တောင်းနေလို့ပါ""

"မေမီခိုင်...??

ဓနပြောတဲ့နာမည်ကိုကြားဖူးသလိုရှိပေမယ့်
သေချာမသိတာကြောင့်စဉ်းစားနေမိသည်။
ဒါကိုအလိုက်သိတဲ့ဓနကလည်း ချက်ချင်းကိုထောက်ပြလာလေသည်။

"ကျွန်တော်တို့ကုမ္မဏီရဲ့ပင်တိုင်မော်ဒယ်ပါboss"

"ဪ....ဘာကိစ္စတဲ့လဲ"

"ပွဲနေ့ကအတွက်တောင်းပန်ချင်လို့ပါတဲ့""

"ဟက်...အမှားလုပ်ပြီးမှပြန်တောင်းပန်မယ်ပေါ့...""".

"............."

"လွှတ်လိုက်"

"ဟုတ်ကဲ့ပါboss""

ဓနပြန်ထွက်သွားတော့ ဥက္ကတ်ဈေးကွက်ဖိုင်တွေကိုပြန်စစ်ဆေးနေလိုက်သည်။သိပ်မကြာ
နားထဲကဒေါက်ဖိနပ်သံတစ်ဂွပ်ဂွပ်......။
ကြားနေရပေမယ့်လည်း မော့မကြည့်ဖြစ်။
ဖိနပ်သံရပ်သွားတယ်ဆို ချွဲပစ်နေတဲ့အသံ‌တစ်ခု။

"ဟို...အစ်ကို....ညီမကမေမီခိုင်ပါ"

မေမီသူငယ်ချင်းတွေနဲ့အပြင်ရောက်နေတုန်း သူ့အဖေဆီမှဖုန်းဆက်လာတာကြောင့်
မသွားချင်ပေမယ့်လည်း ဒီကုမ္ပဏီသိုရောက်လာရခြင်းပင်။အစကစိတ်မပါပေမယ့်
သူဌေးရုံးခန်းထဲဝင်တဲ့အချိန် တွေ့လိုက်ရတဲ့လူတစ်ယောက်...။

ခုံပေါ်မှာsmartကျကျထိုင်နေကာ ချိတ်ထိုင်ထားတဲ့ ခြေတံတွေကရှည်လျားစွာ...။သွယ်လျသန်မာနေတဲ့လက်ချောင်းလေးတွေကြားဘော့ပင်လေးက စေလိုရာကစားနေရတဲ့ နယ်ရုပ်လေးတစ်ခုနှယ်....။နောက်ပြီးသူဝင်လာတာတောင်တစ်ချက်မော့မကြည့်ဘဲ အလုပ်ထဲမှာစိတ်နှစ်ထားတဲ့ထိုသူရဲ့ပုံစံက
နတ်ဘုရားတစ်ပါးအလားပင်...။
သူနှုတ်ဆက်တာကိုမကြားချင်ယောင်ဆောင်တာလား...တကယ်မကြားတာလားမသိပေမယ့် ထိုလူ့ရဲ့ပုံစံက သူရဲ့type မျိူဘဲလေ...။
ဒယ်ဒီပြောတဲ့အတိုင်းလုပ်ဖို့က သိပ်ပြီးအကျိူမယုတ်တော့ဘူ‌ဘဲ...။အခုကစပြီးဒီလူကသမီးအပိုင်ဘဲဖြစ်ရမယ်....။

"Love Servant"(On Going)Where stories live. Discover now