"သော်...."
"ကိုကို့ရဲ့ကလေးလေး....."ကျယ်ပြန့်လှသောမြက်ခင်းစိမ်းကြီးအပေါ်
ဖြူ၊နီ၊ပြာ၊ဝါ ရောင်စုံသောပန်းလေးများပွင့်ဖူးလျှက် လိပ်ပြာလှလှလေးများဝဲပျံနေပြီး ကောင်းကင်ပေါ်မှ ရောင်စဉ်လေးများကလည်းဖျာကျလျှက်ရှိသောနေရာတစ်ခုမှာ
ဇွန်ကြည်နူစွာကြည့်နေမိတုန်း အနောက်ပါးမှခေါ်သံကြောင့် လှည့်ကြည့်မိတော့.......အချစ်ရိပ်တွေအပြည့်ဖြစ်နေသောကိုကို့ရဲ့မျက်ဝန်း၊အမြဲတည်တင်းနေတတ်သောနှုတ်ခမ်းပါးလေးများက ကြည်နူးအရိပ်ဖြင့်
ပြုံးနေသေးသည်။နောက်ပြီးသူရှိရာနေရာဆီ
ဖြည်းညှင်းစွာလျှောက်လာပြီး သူ့ရဲ့ပုခုံးစွန်းနှစ်ဖက်မှကိုင်ကာ ရင်ခွင်ထဲသို့ထည့်၍ပွေ့ဖက်ထားလိုက်သေး၏။နောက်ပြီး
ကိုကို့နှုတ်ခမ်းပါးမှ ထွက်ကျလာသောစကားလေးတစ်ခွန်းက'ကိုယ်...သော့်ကိုချစ်တယ်'
တဲ့လေ။ခနအကြာမှာတော့လူချင်းပြန်ခွာ၍
သူ့မျက်ဝန်းတည့်တည့်သို့နူးညံ့စွာကြည့်ရင်း
ကို့ကို့ရဲ့လက်တစ်ဖက်က သူ့ရဲ့လည်တိုင်ထက်တွေ့ထိ၍ကျန်တစ်ဖက်မှခါးကိုဆွဲ၍နီးကပ်စေလိုက်ပြီး သူ့ရဲ့နှုတ်ခမ်းလွှာပေါ်လာရောက်ထိကပ်လာတဲ့ နှုတ်ခမ်းပါးတစ်စုံ......။နူးညံ့ညင်သက်မှုအပြည့်။
တကယ့်ကိုမှနူးနူးညံ့ညံ့လေး..။မသိလျှင်ပန်းပွင့်ရွက်လေးကြွေကျမည်ဆိုး၍
မထိရက်ထိရက် တွေ့ထိနေသလိုပင်။
ဒီအခိုက်အတန့်လေးက ကျွန်တော့်အတွက်
တော့ရုန်းထွက်လို့မရသည့် နယ်ပယ်တစ်ခု။
ဒါသူမမြင်ခဲ့ဖူးတဲ့ ကိုကို့ရဲ့တစ်ဖက်ခြမ်းလား။ဒါအိမ်မက်ဖြစ်နေမယ်ဆိုရင်တောင်
ဒီအိမ်မက်လေးထဲကသူမနိုးထချင်။
ဒါပေမယ့် သူနိုးထဖို့အတွက်အချိန်ရောက်လာပြီမဟုတ်လား။*************************
"သားထက်ရေ....မင်းညီလေးတောင်သတိရနေပြီ၊သားငယ်လေးက ဘာလို့အခုထိသတိမရသေးတာလဲမသိဘူးနော်"
"သတိရလာမှာပါအန်တီရယ်..မစိုးရိမ်ပါနဲ့နော်"
ဒေါ်မေစီနဲ့သားထက်အခုရောက်နေသည်မှာ
သားငယ်လေးရှိသည့်အခန်းထဲတွင်ဖြစ်သည်။ကုတင်ပေါ်မှာ မေ့မျောနေတဲ့
သားငယ်လေးကိုကြည့်ကာ ရင်တမမ။
ဆေးရုံတတ်ရတာဒီနေ့ဆို လေးရက်ရှိနေပြီဖြစ်သည်။သူမသားတောင်တစ်နေ့က နိုးလာသော်လည်း သားငယ်ကတော့အခုထိမေ့မျောနေတုန်း။ဆရာဝန်ကတော့ သူမသားထက်သားငယ်က ပိုပြီးအားနည်းနေလို့ပါတဲ့လေ။စိုးရိမ်စရာမရှိဘူးလို့ပြောသွားပေမယ့် စိတ်မချနိုင်သေး။သားကြီးမှာသားငယ်လေးပေးတဲ့အသက်ဘဲရှိတော့တာမလား။နောက်ပြီး
ခွဲခန်းထဲမဝင်ခင်က သားငယ်ပြောသွားသောစကားတစ်ခွန်းက 'ကျွန်တော်ကိုကို့ ကို ကျောက်ကပ်ပေးတာ ကိုကို့ကိုပေးမသိပါနဲ့
နော်...ကိုကိုကကျွန်တော့်ကို မုန်းနေတာမို့..
သူမုန်းနေတဲ့လူရဲ့အစိတ်အပိုင်းက သူ့ကိုယ်ထဲရောက်နေမှန်းသိရင် သူ့ကိုယ်သူစိတ်လိုက်မာန်ပါ လုပ်လိုက်မိမှာကို စိုးရိမ်လို့ပါ' တဲ့။အဲ့ဒါကြောင့်လည်း သားကြီးသတိရလာတော့ ဘာမှမပြောပြဖြစ်။သားကြီးကမေးသော်လည်း အလျှူရှင်က အမည်မဖော်လိုလို့
မသိဘူးဟူ၍သာငြင်းခဲ့ရလေသည်။
ŞİMDİ OKUDUĞUN
"Love Servant"(On Going)
Fantastikအချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။