Part_47(U+Z)

3.1K 125 20
                                    

"ရဝူးနော်......ရဝူး ...ယာယာ မော်ရယ်လျှောက်မှာ!"

"သမီးငယ်..ဖေဖေပြောပြမယ်...
သမီးလေးကငယ်သေးတယ်လေ...
သမီးအရွယ်ရောက်လာရင် ဖေဖေကလုပ်ခိုင်းမှာပါသမီးရယ်...နော်""

"ဦးယံယံ..ဟင့်..ယာယာမော်ရယ်လျှောက်မယ်ရို့""

"ဇွန်..မင်းကလည်းကွာ..ခလေးလုပ်ချင်နေတာလုပ်ခိုင်းလိုက်ပါ""

"မဖြစ်ဘူးလေဝေယံရယ်.......ငါသမီးကိုစိတ်မချဘူး""

"ဟို...ဇွန်..ဟိုမှာလည်းသမီးလေးတို့အရွယ်လေးတွေအများကြီးပါဘဲ.....
ပြီးတော့ အစ်မလည်းရှိတဲ့ဟာကို
လုပ်ခိုင်းလိုက်ပါနော်""

"မကြယ်စင်ရယ်..သမီးကအခုမှသုံနှစ်ကျော်လေးဘဲရှိသေးတာ...စင်ပေါ်မှာဘယ်လိုလျှောက်ရမယ်မှမသိတာ...""

"ယာယာသိတယ်လို့..ယာယာလျှောက်တတ်တယ်ပေပေ"""

ဟင်း....။ဇွန်လည်းသက်ပြင်းကိုအကြိမ်ကြိမ်
ချမိနေပါသည်။သမီးရဲ့ရည်မှန်းချက်တွေကိုဖြည့်ဆည်းပေးမယ်မှန်ပေမယ့် အခုဟာကအရမ်းကိုငယ်လွန်းနေတယ်မထင်ဘူးလား။သမီးလေးရဲ့ပညာရေးဆုံခန်းတိုင်သွားမှ အနုပညာလောကထဲကိုဝင်စေချင်ပေမယ့်
သမီးဖြစ်သူကိုယ်တိုင်က အရူးတစ်ပိုင်းဖြစ်နေတော့ အခက်သား...။

အခုလည်းကြည့်မကြယ်စင်တို့ကုမ္ပဏီက
ကလေးFashionပြိုင်ပွဲရှိတယ်..ယာယာလေးဝင်ပြိုင်မလားဆိုပြီးလာပြောလိုက်ကတည်းက ဂျစ်တိုက်နေတာ မနေ့ကညထဲက။ကျောင်းလည်းမသွား၊ထမင်းလည်းမစားဘဲနဲ့ကိုပူဆာနေတာ...။သူကိုယ်တိုင်ကအဲ့လောက်တောင်ဖြစ်နေမှ အဖေဖြစ်တဲ့သူက
စိတ်ချမ်းသာနိုင်မှာတဲ့လား....။သူ့ဦးလေးဖြစ်သူရဲ့ပေါင်ပေါ်မှာထိုင်နေပြီး..ကိုယ့်ကိုမျက်ရည်အဝိုင်းသားနဲ့ကြည့်ပြီး တအင့်အင့်
ရှိုက်ငိုနေလေသည်။

"သမီးငယ်....."

"အင့်......""

"ဟိုရောက်လို့ ဖေဖေ့ပြောစကားကို
အပြည့်အဝ နားထောင်နိုင်တယ်ဆို
ဖေဖေခွင့်ပြုပေးမယ်"""

သူ့ရဲ့စကားကိုကြားတော့ သမီးငယ်က ငိုနေရာကနေ ချက်ချင်းတိတ်ကာသွားတန်းလေးတွေပေါ်လာသည်အထိရယ်ပြလာ၏။
တကယ်ပါ....မီးကိုရေနဲ့ငြှိမ်းတာကမှ ရှဲဆိုပြီးအသံထွက်ဦးမယ်...။သံယာခိုက်သော်တို့ကတော့ လုပ်ချင်တာလုပ်ရမယ်ဆို ချက်ချင်းကိုပြောင်းလဲသွားတော့တာ..။တတ်လည်းတတ်နိုင်ပါ့...ဟွန့်။

"Love Servant"(On Going)Onde histórias criam vida. Descubra agora