Part_23(U+Z)

1.8K 82 0
                                    

အင်း......အိပ်လို့ကောင်းလိုက်တာကွာ၊ကြမ်းခင်းတွေကဒီနေ့မှအရမ်းနွေးပြီးအိစက်နေတာဘဲ...အဟိ၊ဇွန်အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေချိန်စိတ်ထဲမှာပြောနေမိပါသည်။
မထလို့လဲမဖြစ် ကိုကို့အတွက်မနက်စာပြင်ပေးရပါဦးမည်။မနက်စာပြင်ပေးမယ်ဆိုမှ
မနေ့က ကိုကိုပြန်ရောက်လား၊မရောက်လာဘူးလားဆိုတာလည်းသူမသိ......ဒါကြောင့်
တဖြည်းဖြည်းချင်းမျက်လုံးဖွင့်ကြည့်မိတော့
သူနဲ့မျက်နှာချင်းဆိုင်မှာ အိပ်နေသောလူတစ်ယောက်။သေချာကြည့်တော့မှ ဒါသူ့ကိုကိုပင်။ဒီလိုကျတော့လည်းကိုကိုက ပိုချောနေသလိုဘဲ....အမြဲတမ်းစုကြုံ့နေကျမျက်ခုံးတွေကဖြောင့်တန်းနေပြီးမျက်နှာလေးကကြည်လင်နေတာကြောင့်ကြည့်ရသည်မှာအထူးအဆန်းလေးဖြစ်နေသည်။ထို့နောက့်သူရဲ့လက်လေးကိုဆန့်တန်းကာ ကိုကိုရဲ့မျက်နှာအစိတ်အပိုင်းအချို့ကို သူ၏လက်ချောင်းလေးများဖြင့်ခပ်ဖွဖွထိတွေ့နေမိသည်။

"ဇွန့်ကိုကိုကချောလိုက်တာ...."
"ဇွန်လေ ကိုကို့ ကိုအရမ်းချစ်တာဘဲ၊ကျွန်တော် ကိုကို့ဆီက ဂရုစိုက်မှုသေးသေး‌ပိစိလေးရရင်တောင်ကျေနပ်မိမှာသိလား...."

ဇွန်ညကအဖြစ်အပျက်တွေကိုစဉ်းစားခန်းဝင်မိသည်။ညကသူတစ်ယောက်တည်းရှိတာပါ။
ကိုကိုကဘယ်အချိန်ကတည်းကပြန်ရောက်နေတာလဲပြီးတော့ဇွန့်ဘေးမှာရောဘာလို့လာအိပ်နေရတာလဲ။

"ဒါနဲ့ ကိုကိုက ကျွန်တော့်ဘေးကို ဘာလို့လာအိပ်နေတာလဲ...ငါအိမ်မက်များမက်နေတာလာ မဖြစ်နိုင်ပါဘူး ခုနကတောင် ကိုကို့အသားကိုငါထိခဲ့သေးတာကို.."

'ဥက္ကတ်'နိုးနေသည်မှာဒီကောင်လေးလှုပ်မလာခင်ကတည်းကပင်..ညကသောက်ထားတဲ့အရှိန်ကြောင့်ခေါင်းထဲမှနောက်ကျိနေတာမို့မထသေးဘဲဆက်မှိန်းနေခြင်း၊ခနကြာတော့သူ့မျက်နှာကိုခပ်ဖွဖွလာထိတွေ့နေသောအထိအတွေ့လေး၊မျက်လုံးဖွင့်မကြည့်သော်လည်းဒီကောင်လေးသူ့ကိုကြည့်နေသည်မှာမလွဲဧကန်။ပြီးနောက်သူ့ကိုရည်ညွှန်းပြောနေသောစကားသံတစ်ချို့၊
ဒီတောင်းဆိုမှုတွေကဘယ်တော့မှဖြစ်မလာနိုင်တာမို့ မသိချင်ယောင်ဆောင်နေတုန်းကြားလိုက်ရသောမရေ‌မရာစကားသံလေးတွေ၊ဥက္ကတ်ရယ်ချင်စိတ်ကိုမနည်းထိန်းထားရသည်။အခုချိန်ထိသူ့အခြေအနေကိုတွေးမိပုံမရသေးသောကောင်လေးကြောင့်စချင်သည့်စိတ်ကိုမထိန်းနိုင်တော့တာနဲ့သူ့ရဲ့လက်တစ်ဖက်တည်းနဲ့ခန္တာကိုယ်လေးကိုဆွဲဖက်လိုက်တော့ပေါ့ပေါ့ပါးပါးပင်သူ့ရင်ခွင်ထဲသိုရောက်လာလေ၏။

"Love Servant"(On Going)Onde histórias criam vida. Descubra agora