Part_24(U+Z)

1.9K 87 4
                                    

ကိုကိုအလုပ်သွားနေတဲ့အချိန်အတွင်း
ဇွန်အိမ်မှု့ကိစ္စများကိုလုပ်နေလိုက်သည်။
အရင်ဆုံးထမင်းဟင်းချက်ပြီးတာနဲ့ကိုကို့ရဲ့အဝတ်တွေကိုလျှော်ရသည်။ကျွန်တော့်ကိုကိုက အရမ်းအသန့်ကြိုက်တတ်တာလေ။အဝတ်လျှော်ပြီးတယ်ဆို မနေ့ကခြောက်ပြီးသားအဝတ်တွေကိုမီးပူတိုက်ရန်ပြင်ရသည်။တကယ်ဆိုဒီနေ့ကရုံးပိတ်ရက်ဖြစ်သော်
လည်းဇွန့်ကိုကိုကတော့အလုပ်ကြိုးစားပါသည်။ကိုကိုက သူ့အပေါ်ဆက်ဆံတာ
အေးဆက်နေတုန်းပေမယ့်သူပြင်ဆင်ပေးတာလေးတွေကိုဘဲအသုံးပြုတတ်ပါသည်။ဥပမာ.သူထုတ်ပေးထားတဲ့အဝတ်အစားကို ဘဲဝတ်သလိုသူချက်ပေးထားတာတွေကိုလည်းကောင်းသည်လို့လည်းမပြောသလိုဆိုးတယ်လို့လဲမပြောပါ။ကိုကိုကျွန်တော့်အပေါ်ဂရုမစိုက်ပေမယ့် ကိုကို့ရဲ့ဘေးနားမှာဒီလိုလေးဖြည့်ဆည်းပေးနေရတာကိုတင် ကျေနပ်ပါသည်။ကိုကိုတောင်ပြန်လာခါနီးပြီဘဲ......
ဒါကြောင့်လုပ်လတ်စအလုပ်ကိုလတ်စသတ်နေမိစဉ် ဖုန်းသံကြားတာကြောင့် ထကြည့်လိုက်တော့ ကျွန်တော့်ဏသူငယ်ချင်းဝေယံဆီကဖြစ်၏။

"ဟဲလို...ဇွန်"

"အေး...ပြောဝေကြီး"

"သားလေးကအဖေ့ကိုသတိမရတော့ ဒီဖအေကဘဲဖုန်းဆက်ရတာပေါ့"

"ဟား...အပိုတွေဟေ့ကောင်၊မင်းလားငါ့ကိုသတိရမှာ"

"ဇွန်...မင်းဒီနေ့အားလား"

"အင်း...နေ့ခင်းဘက်လောက်တော့အားတယ်
ဘာဖြစ်လို့လဲ"

"မင်းနဲ့မတွေ့ရတာကြာလို့လေ..ငါလည်းအလုပ်ပိတ်တုန်း မင်းနဲ့အပြင်မှာတွေ့မလားလို့"

"အင်း....ကောင်းသားဘဲ"

"နေ့ခင်းနှစ်နာရီလောက်ငါထွက်ခဲ့မယ်လေ"

"အေးအေးသားကြီး....ဒါဘဲနော်"

"အေး"

ဇွန်လည်းဝေယံကိုမတွေ့ရသည်မှာမဂ်လာဆောင်ပြီးတဲ့နေ့ကတည်းကပင်မို့ရှားရှားပါးပါးဒီသူငယ်ချင်းလေးကိုလွမ်းလှပါသည်။ဒါကြောင့်လည်းတွေ့ဖို့အတွက်သဘောတူလိုက်ခြင်းပင်။

""ဝုန်းး"""""

ဝေယံနဲ့ဖုန်းပြောပြီးပြီးချင်းအနောက်ဘက်မှအသံကျယ်ကြီးကြောင့်လှည့်ကြည့်မိတော့
မျက်လုံးထဲမီးဝင်းဝင်းတောက်နေသောကိုကို
ပြီးတော့လက်ထဲမှာလဲT_shirtအဖြူရောင်လေးကိုကိုင်ထား၏။သေချာကြည့်တော့မှအကျီအပေါ်မှာမီးပူရာကြီးပင်။ဇွန်ဖုန်းထပြောမိတော့မီးပူကို ပိတ်ထားခဲ့ပုံမရ...အေးစက်ကြောက်လန့်ဖွယ်မျက်လုံးများဖြင့်ကြည့်ကာသူ့အနားသို့လျောက်လာသောကိုကို....

"Love Servant"(On Going)Where stories live. Discover now