Part_49(U+Z)

2.9K 129 14
                                    

"ငါ့ဘဝထဲကနေအပြီးအပိုင် ပျောက်ကွယ်သွားပေးပါ""

မပီမပြင်ဝိုးတဝါးပုံရိပ်များက အနှေးပြကွက်များလို ဆက်တိုက်ပေါ်ထွက်နေသည်။လုံးစေ့ပတ်စေ့မမြင်ရပေမယ့် ဒီအသံ၊
ဒီစကားတွေက အခုချိန်ထိ သူ့နှလုံးသားထဲမှာနေရာယူထားတုန်းပင်...။

"မင်းကိုငါမုန်းတယ်သော်တာဇွန်!""

အမြဲလိုလို ထိုသူဆီကကြားခဲ့ရတဲ့ ငါမင်းကိုမုန်းတယ်ဆိုတဲ့စကားစု....

"မင်းကအပျက်ကောင်သာသာဘဲ!!""

အမြဲတမ်းတန်ဖိုးမထားခံရတဲ့ သူ့ရဲ့ကိုယ့်ကျင့်သိက္ခာ...၊မာနတရားဆိုတာမရှိအောင်ကို
အောင့်ကျို့ပေးထားရက်နဲ့ကို အကြီမ်ကြိမ်နင်းချေခံရတဲ့ သူ့နှလုံးသား....

"ဖျက်ချလိုက်!!!""

ထိုသူ့ဆီက သူမကြားချင်ဆုံးစကားတစ်ခွန်း။
အိမ်မက်ထဲမှာ ရုပ်လုံးတောင်မမြင်ရဘဲ
အသံကြားရုံနဲ့တင် မျက်ဝန်းများမှိန်ထားရက်ကနေ စီးကျလာတဲ့မျက်ရည်များနှင့်အတူ
ထိန်လန့်စွာပွင့်ဟလာတဲ့ မျက်လွှာများက
ဂယောင်ချောက်ခြား....။အသက်ရှူတွေအရမ်းမြန်နေတာကို နိမ့်ချည်မြင့်ချည်ဖြစ်နေတဲ့ရင်ဘက်တွေက ဖော်‌ကျူးနေသလိုလို။

အရင်ဆုံးအသက်ကိုပုံမှန်ဖြစ်အောင်ရှူသွင်းလိုက်ပြီး စိတ်ကိုငြိမ်အောင်ထားလိုက်သည်။
နောက်ပြီး ဆိုးရွားအကျည်းတန်လှတဲ့ပုံရိပ်တွေကို ဦးနှောက်ထဲက ဖျောက်ပစ်မည်။
စိတ်အစဉ်ကပုံမှန်အတိုင်းဖြစ်သွားပြီဆို
မျက်နှာပေါ်မှာ စိုစွတ်နေတဲ့ မျက်ရည်စတွေကို ခပ်ကြမ်းကြမ်းပွတ်တိုက်လိုက်ပြီး
ဘေးဘက်ကိုလှည့်ကြည့်တော့ သူ့ဘက်ကို
မျက်နှာမူကာ အဖြူရောင်စောင်လေးကြားမှာ ကွေးကွေးလေးအိပ်ပျော်နေသည့်သမီးငယ်လေး။

သူ့ဘဝမှာအမေ့ပျောက်ချင်ဆုံးလူတစ်ယောက်ရဲ့ ကိုယ်ပွားလေး...။ဘယ်လောက်ဘဲသူ့ဘက်က မေ့ပစ်ဖို့ကြိုးစားစား ထိုသူနဲ့အရမ်းတူသည့် သမီးလေးကိုကြည့်မိတိုင်း
မေ့ပျောက်ဖို့စိတ်ဆိုတာ အမှိုက်တစ်စလိုပင်။
အတွေးထဲမှာ ထိုသူ့ရဲ့ပုံရိပ်တွေဒီ့ထက်ပါလာမှာဆိုးသည်ကြောင့် လှဲနေရာမှ ဖြည်ညှင်းစွာထ၍ သမီးငယ်ကိုနွေးနွေးထွေးထွေးဖြစ်အောင်လုပ်ပေးလိုက်သည်။ဘေးနားက
နှိုးစက်နာရီလေးကိုအကြည့်ရောက်မိတော့
ငါးနာရီခွဲနေပြီမို့ မျက်နှစ်သစ်ကိုယ်လက်သန့်စင်လိုက်သည်။ပြီးတယ်ဆို ထမင်းအိုးတစ်လုံးကျက်အောင်တည်ပြီးတာနှင့် သူတို့
ရပ်ကွက်နှင့်နီးသည့် ဈေးနေရာသို့ ထွက်လာခဲ့လိုက်သည်။‌

"Love Servant"(On Going)Where stories live. Discover now