Part_37(U+Z)

2.5K 94 4
                                    

ဇွန်ဒီနေ့အရမ်းပျော်နေတယ်သိလား...။ဘာလို့ဆိုရင်ဇွန့်ဗိုက်ထဲက ကလေးလေးကို
မြင်ရတော့မှာလေ။ဆရာဝန်ကပြောတယ်
ကိုယ်ဝန်လေးလလောက်ဆိုဇွန့်ဗိုက်ထဲက
ကလေးလေးက ယောကျာ်းလေးလား၊မိန်းကလေးလား အနေအထားဘယ်လိုရှိနေပြီလဲဆိုတာကြည့်လို့ရပီတဲ့လေ။ဇွန့်ကိုယ်ဝန်သုံးလလောက်ကစပြီး အရင်ကထက်မသိမသာပူထွက်လာတဲ့ဗိုက်ကို မသိသာစေဖို့
အကျီအပွတွေချည်းဘဲဝတ်ခဲ့တာမို့ ဘယ်သူမှ‌သတိမထားမိခဲ့ပေ။နေ့ခင်းလောက်ကျအစ်ကိုသာထက်က အန်ထရာဆောင်းရိုက်ဖို့လာခေါ်ပေးမယ်တဲ့။တော်သေးတာပေါ့....
ကိုကိုအလုပ်သွားတဲ့အချိန်နဲ့တိုက်နေလို..
နို့မို့ဆို ဇွန်အဆူခံနေရဦးမှာ။ကိုကိုကလေ
ဇွန်အပြင်ကိုသွားရင်မကြိုက်ဘူး။‌ကျန်ခဲ့တဲ့နှစ်လလောက်ထဲက ဟင်းချက်စရာတွေကို
ကိုကိုက ရဲခဲသေတ္တာထဲအပြည့်ထည့်ပေးထားပြီး သူ့ကိုအပြင်မထွက်ခိုင်းခဲ့။ကုန်ခါနီးအချိန်ဆိုလည်းသူဘဲဝယ်လာပေးတတ်တာ။
ကိုကိုအလုပ်သွားပြီဆို မမုန်းဝင့်မာန်ကလည်း အိမ်စောင့်နတ်နဲ့ရန်ဖြစ်ထားသလိုဘဲ။ကိုကိုပြန်လာခါနီးရှေ့ဆင့်နောက်ဆင့်မှရောက်လာတတ်သည်။အခုလည်းတစ်အိမ်လုံးမှာသူတစ်ယောက်တည်းသာ...။အစ်ကိုသာထက်လာခေါ်မည့်အချိန်နီးလာပြီမို့
အဆင်သင့်ထိုင်ကာစောင့်နေလိုက်သည်။
သိပ်မကြာပါ အိမ်အရှေ့မှကားဟွန်းသံကြောင့် တံခါးများကိုလုံးအောင်ပိတ်ကာ
အစ်ကိုသာထက်နဲ့အတူထွက်လာလိုက်သည်။

ဆေးရုံရောက်တော့ ဆရာဝန်က ဇွန့်ကိုကုတင်ပေါ်မှာလှဲစေကာ စမ်းသပ်နေလေ၏။

"ဒီကညီလေး......screenကိုတစ်ချက်လောက်ကြည့်ကြည့်ပါဦး"

ဆရာဝန်ညွှန်ပြသည့်ဘက်ကိုကြည့်လိုက်တော့ ဇွန့်ဗိုက်ထဲမှာ ကွေးကွေးလေးဖြစ်နေသည့်ကလေးလေး....။ဇွန့်မှာဒီအခိုက်အတန့်လေးမှာကြည်နူးလိုက်ရတာဆိုတာမပြောပြတတ်အောင်ပါဘဲ။ကိုကို့နဲ့ဇွန့်ရဲ့‌သွေးသားလေးက ဇွန့်ရဲ့ဗိုက်ထဲမှာဖြစ်တည်နေတာ
မယုံကြည်နိုင်လောက်အောင်ပါဘဲ။ကိုယ်ချစ်ရတဲ့သူရဲ့ရင်သွေးလေးကို လွယ်ထားရတဲ့ခံစားချက်က ဒီလိုပါလား..ပြီးတော့အဖေတစ်ယောက်ဖြစ်လာတော့မယ့်ခံစားချက်ကို
သူခံစားမိပါသည်။မေမေ့တုန်းကလည်းဇွန့်ကိုကိုယ်ဝန်လွယ်ထားခဲ့တဲ့အချိန်ဒီလိုမျိုးပျော်ရွှင်နေမှာပေါ့နော်။ဝမ်းသာမှုကြောင့်ဖြစ်တည်လာတဲ့မျက်ရည်စလေးတွေက အပြုံးမျက်နှာလေးအပေါ်မှာ ဖြတ်သန်းစီးဆင်း
လျှက်။ဘေးမှာရပ်ကြည့်နေတဲ့အစ်ကိုက
လည်းဇွန့်ရဲ့လက်တစ်ဖက်ကိုအုပ်ကိုင်လိုက်ကာ....

"Love Servant"(On Going)Où les histoires vivent. Découvrez maintenant