part_33(U+Z)

2.1K 82 15
                                    

"အဟင့်......အင့်....."

ဥက္ကတ်မျက်လုံးများမှိတ်ထားသော်လည်
နားထဲမှာကြားနေရတဲ့မိန်းကလေးတစ်ယောက်ရဲ့ငိုသံက အိမ်မက်လိုလို၊အပြင်မှာဘဲတကယ်ဖြစ်နေသလိုမျိုး ဝေခွဲမရဖြစ်နေမိသည်။အစကအမှုမဲ့အမှတ်မဲ့ဖြင့်နေလိုက်မိသော်လည်းပိုမိုပီပြင်စွာကြားလာရသော
ရှိုက်သံများကြောင့် မျက်လုံးနှစ်လုံးကိုတစ်ပြိုင်နက်ဖွင့်ကြည့်မိလေတော့ အဝတ်ဗလာဖြင့်သူရှိတဲ့ဘက်ကိုကျောပေးကာ ရှိုက်ငိုနေသောကျောပြင်ငယ်တစ်ခု။တော်သေးတာကစောင်ကိုဂျိုင်းအောက်မှလျှိုထားတာကြောင့် အမြင်မသင့်သိပ်မဖြစ်နေသော်လည်းဘာလိုဖြစ်ပြီးငိုနေရတာလဲ။
မသိရင်ကိုယ်နဲ့ဘဲတစ်ခုခုကျူးလွန်ထားသလိုမျိုး။

ဟင်! မဟုတ်မှတကယ်များဖြစ်နေခဲ့သလား။မရေမရာဖြစ်နေတဲ့အတွေးစတွေကိုမနေ့ကအချိန်တွေဆီပြန်ဆွဲခေါ်ကြည့်မိလေတော့...မုန်းကိုအိမ်လိုက်ပို့ခဲ့တယ်၊နောက်ပြီးတစ်ယောက်ထဲမနေရဲဘူးဆိုလို့
အဖော်နေခဲ့တယ်၊beerလည်းအတူတူသောက်ခဲ့ကြတယ်။သောက်နေရင်းနေဘဲသူအိပ်ပျော်‌သွားခဲ့တာ။အဲ့အချိန်ထိသူတို့နှစ်ယောက်ဖြူဖြူစင်နေခဲ့ကြတာပါ။အဲ့နောက်
မိမိခန္တာကိုယ်ကိုပြန်စစ်ဆေးကြည့်မိတော့အဝတ်အစားရယ်လို့တစ်စိုးတစ်စိမှရှိမနေ။တကယ်ဘဲမုန်းနဲ့ကျူးလွန်ခဲ့မိတာလား။
ဦးနောက်ကိုဘယ်လောက်ဘဲအလုပ်ပေးပြီးစဉ်းစားစဉ်းစားသူအိပ်ပျော်သွားတဲ့အချိန်ထိဘဲမှတ်မိသည်။မုန်းနဲ့ခန္တာကိုယ်ချင်းနှီးနှောခဲ့သည့်ပုံရိပ်ဟူ၍တစ်ခုမျှပေါ်မလာခဲ့။သူဆိုတဲ့လူကbeerမပြောနဲ့မူးပေ့ဆိုတဲ့အကောင်းစားအရက်ပြင်းတွေတောင်ဘယ်လောက်ဘဲသောက်သောက်၊ဘယ်လောက်ဘဲမူးမူး သူပြန်စဉ်းစားလိုက်တာနဲ့ပေါ်လာခဲ့တာမျိုး။မနေ့ညက beerလေးသုံးလေးဘူးလောက်နဲ့အိပ်ပျော်သွားခဲ့တာလည်းယုံကိုမယုံနိုင်။ဒါပေမယ့်လည်းမယုံလို့ကမရ တကယ်လည်းသူအိပ်ပျော်သွားခဲ့တာလေ။အဖြစ်အပျက်တွေကို အသေအချာသိရဖို့အတွက်
တသိမ့်သိမ့်တုန်နေတဲ့ပခုံးတစ်ဖက်မှ
ဖြည်းညှင်းစွာလှည့်ကြည့်မိတော့ ခန္တာကိုယ်တစ်ခုလုံးကသူ့ရှိရာဘက်ကိုပြိုလဲကျလာလေသည်။

"Love Servant"(On Going)Where stories live. Discover now