"သားရေ....မာမီတို့အကျီတွေရပြီလား"
"ရပြီဗျ..""
"ဟယ်...ပြပါဦး!သားရဲ့လက်စွမ်းလက်စလေးတွေကိုမာမီကြည့်ချင်လှပြီ"
"အမဆောင်းရဲ့ဟာကဟိုအရုပ်မှာဝတ်ထားတဲ့မျှင်ငါးပိရောင်လေး....
အမမြတ်ဟာက ဘေးကတစ်ရုပ်မှာဝတ်ထားတဲ့ ထောပတ်စိမ်းရောင်လေးပါဗျ"""ဇွန်ညွှန်ပြတဲ့နေရာကို မာမီနှစ်ယောက်လှည့်ကြည့်ပြီး ပါးစပ်မစိနိုင်လောက်အောင်ကိုအံ့ဩသွားရပါသည်။ချုပ်ရိုးချုပ်သားကညက်ညောနေပြီး အထက်တန်းဆန်ဆန်လှပနေလေသည်။သူတို့ဝင်လာကတည်းက ဒီဝတ်စုံနှစ်ခုကိုတွေ့မိပေမယ့် သူတို့ဟာလို့ထင်မထားခဲ့တာအမှန်။
"ဒါ...ဒါက...""
"အမလေး...လှလိုက်တာ..သားလေးရယ်
မာမီတို့ကိုယ်ပေါ်တောင်ဒီဝတ်စုံလေးကိုမတင်ရက်ဘူးကွယ်"""အစ်မတို့ကတော့မြှောက်ပြန်ပြီ""
"မမြှောက်ရပါဘူး...သားရဲ့လက်ကလေးက
ရတနာတွေထက်အဖိုးတန်တဲ့လက်လေးဘဲ"ဇွန်လည်း ထိုအစ်မနှစ်ယောက်ရဲ့စကားကြောင့်ပြုံးရယ်မိလိုက်ပါသည်။ကိုယ်ဝါသနာပါရာလုပ်ငန်းတစ်ခုကို စိတ်နှစ်ပြီးလုပ်ရတာက ပိုတန်ဖိုးရှိတယ်ဆိုတာကိုတော့မပြောဖြစ်ခဲ့တော့ပါ။
"ဟဲ့ကမ...ဒီဝတ်စုံနဲ့သာပွဲတက်ရင်ငါတို့ဘေးမှာ သူငယ်လေးတွေဝိုင်းနေမှာအသေအချာဘဲနော်ကမ""
"ကျိန်းသေပေါက်ပေါ့အေ...အိုက်စ်...."""
ဒီအမနှစ်ယောက်က ဇွန်ဒီဆိုင်လေးမဖွင့်ခင်
တိုက်ခန်းမှာစက်ချုပ်ကတည်းက အခုချိန်ထိ
အမြဲတမ်းအားပေးတဲ့ ဖောက်သည်ဆိုလည်းမမှားပေ...။ထိုအစ်မမှတင်မဟုတ်ပါ...ဇွန့်ဆီမှာ တစ်ခါလာအပ်ပြီးတဲ့သူတိုင်းက ဇွန်မခေါ်ရပါဘဲ ကျွန်တော့်ရဲ့လက်ရာကို တမ်းတမ်းဆွဲဖြစ်သွားကြတာချည်းပင်။"ကဲပြောပါဦး..မာမီတို့ဘယ်လောက်ကျလဲ""
"အမ်း...တစ်စုံကိုငါးသောင်းဘဲပေးပါဗျ"""
"နှစ်စုံဆိုတော့တစ်သိန်းပေါ့နော်...""
"ဟုတ်ကဲ့"
YOU ARE READING
"Love Servant"(On Going)
Fantasyအချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။