"သမီး!...ဟိုတစ်နေ့ကT&Kရဲ့ showပွဲကိုဘာလို့မသွားရတာလဲ....အဲ့ဒါသမီးရဲ့အခွင့်အလမ်းနော်..."""
ဦးသန့်စင်သူ့သမီးဖြစ်သူကိုဒေါသထွက်နေမိသည်။အဖေဖြစ်သူက နီးစပ်အောင်ဖန်တီးပေးတာကို သူကတော့အရေးပင်မလုပ်.....။
အစည်းအဝေးပွဲရှိလဲ အတွင်းရေးမှူးကနေတဆင့်သာပြောသည်။ဒါကြောင့်လဲပွဲနေ့ကလာတယ်ဆိုတာသိပေမယ့် များပြားလှတဲ့ရှယ်ယာရှင်တွေကြားထဲမှာ သူအကဲခတ်ကြည့်နေပေမယ့်လည်း မသေချာမရေရာသာ။ထိုသူရဲ့ဝန်ထမ်းတွေတောင်မှ တစ်ချို့တစ်ဝက်လောက်သာမြင်ဖူးကြလေသည်။အမှန်တိုင်းပြောရင် ဒီကုမပ္ပဏီရဲ့စည်းစိမ်ပိုင်ဆိုင်မှုတွေကိုမက်မောလှပါသည်။ကိုယ်လည်း ကုမ္ပဏီတစ်ခုကိုပိုင်ဆိုင်ထားပေမယ်
ဒီလိုထိပ်တန်းစာရင်းထဲဝင်ဖို့ဆိုတာ သူ့ခွန်အားတစ်ခုတည်းနဲ့တော့ဒီတစ်သက်မဖြစ်နိုင်။ဒါကြောင့်လဲသမီးဖြစ်သူနဲ့နီးစပ်အောင်လုပ်ပေးထားကာမှ သူ့သမီးဖြစ်သူကိုယ်တိုင်က ရောက်မလာခဲ့ပေ။"မသွားချင်လို့ပေါ့ဒယ်ဒီရာ...ဘာမှလည်းမက်လောက်စရာမရှိဘဲနဲ့""
"ဘယ်လိုမရှိရတာလဲ...စီးပွားရေးလောကရဲ့
Top5ထဲမှာပါတဲ့ ဒီလိုကုမ္ပဏီမျိုးကိုမမက်ရင်
သမီးကဘယ်ဟာကိုမက်နေတာလဲ.....
သမီးကို အဲ့ကုမ္ပဏီရဲ့ပင်တိုင်modelဖြစ်အောင် ဒယ်ဒီရှယ်ယာရှင်တွေကိုဘယ်လောက်စည်းရုံးလိုက်ရလဲသိလား"မေမီခိုင် သူမအဖေပွားတာတွေကိုနားထောင်းရင်းစိတ်တွေရှုပ်လာရသည်။အဲ့ပွဲနေ့ကလည်းအားရဲ့သားနဲ့ကို တမင်မသွားခဲ့တာ...။နောက်ပြီး CEOဖြစ်သူကဘယ်လိုဘယ်ပုံမှန်းမသိရ..။social mediaမှာလည်းမျက်နှာဖော်ပြထားခြင်းမရှိသလို သူမအဖေကိုမေးပြန်သော်လည်းမမြင်းဖူးဘူးလို့သာပြောနေလေသည်။
မေမီကအဲ့လိုသိုဝှက်တဲ့လူတွေကိုလုံးဝမကြိုက်တတ်...။ကိုယ်ကချဉ်းကပ်ပြီးမှ
တစ်ဖက်ကအဖိုးကြီးဖြစ်နေဘယ်လိုလုပ်မလဲ။ပိုက်ဆံချစ်တာမှန်ပေမယ့် အသက်ကြီးကြီးအဖိုးကြီးတွေနဲ့တော့အချိန်မကုန်ခံချင်။
အဲ့အစား အသက်ငယ်ငယ်ချောချော CEOလေးတွေဘဲလှည့်ပတ်တွဲနေတော့မှာပေါ့။
BINABASA MO ANG
"Love Servant"(On Going)
Fantasyအချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။