ရန်ကုန်မြို့လယ်ခေါင်အတွင်းနေရောင်ခြည်မှိုင်းပျပျ၊ကျေးငှက်လေးများတွန်သီကျူးနေသောမနက်ခင်းအချိန်အခါဝယ် ကိုယ်စီကိုယ်ငှ စားသောက်ဖို့အတွက်ကြိုးစားရုန်းကန်သူအများအပြားရှိနေကြသည်။ကိုယ်ပိုင်စားသောက်ဆိုင်လုပ်ငန်းများဖွင့်သူဖွင့်၊လခစားဝန်ထမ်းများကလည်းမိမိတို့အလုပ်သို့နောက်မကျစေရန်နှင့်ကျောင်းသား၊ကျောင်းသူအများအပြားကလည်းပညာသင်ကြားရန်အတွက်ကျောင်းသို့သွားရောက်နေကြသည်မှာသဘာဝအတိုင်းသာယာကြည်နူးဖွယ်ကောင်းလှသည်။
ဇွန် လည်းယနေ့တွင် နယ် မှရန်ကုန်မြို့သို့လာကာမိမိ၏ဝါသနာကိုစိတ်ကူးအကောင်အထည်ဖော်ရန်ရောက်လာခဲ့ပေပြီ။နယ်မှာကျောင်းနေဖက်ဖြစ်ခဲ့သောသူငယ်ချင်းနှင့်အသင့်တင့်သောတိုက်ခန်းလေးငှားရမ်းကာနေထိုင်ခဲ့သည်။ဇွန်တို့နေထိုင်သောတိုက်ခန်းမှာအရမ်းsocialမကျသော်လည်းဇွန်တို့သူငယ်ချင်းနှစ်ယောက်အတွက်အလွန်ကိုအဆင်ပြေခဲ့ပါသည်။"ဇွန် ရေပစ္စည်တွေနေရာချပြီးရင်အနားယူတော့လေ မနက်သင်တန်းသွားအပ်ရဦးမှာမလား ၊ကျန်တာငါဆက်လုပ်လိုက်မယ် သွားနားတော့ "
အလုပ်ပိတ်ရက်ဖြစ်တဲ့အတွက်ကြောင့်ဟင်းချက်နေရင်းမှ ဇွန်၏သူငယ်ချင်းဝေယံကလှမ်းသတိပေး၏။ဝေယံမှာအထက်တန်းအောင်ပြီးသော်လည်းမိသားစုအခြေအနေကြောင့်ကျောင်းဆက်မတက်တော့ဘဲရန်ကုန်သို့လာ၍ ဆေးကုမ္ပဏီတစ်ခုတွင်ဝင်ရောက်လုပ်ကိုင်ခဲ့သူဖြစ်သည်။နယ်မှာကျန်ခဲ့တဲ့မိသားစုကိုလည်းသူ၏လစာလေးနှင့်ထောက်ပံ့နေခဲ့သည်မှာနှစ်အနည်းလောက်ရှိတော့မည်။ဝေယံကရိုးသားကြိုးစားသောကြောင့်သုံးနှစ်လောက်အကြာမှာရာထူးတိုးခံခဲ့ရပြီးသူ့အတွက်ယခင်ကထက်ချောင်လည်ခဲ့သည်ဟုဆိုရမည်။
"ဇွန်ရေ ငါပြောတာကြားလားကွ၊ငါအော်နေတာတစ်နာရီလောက်ရှိတော့မယ်"
ဇွန်အတွေးလွန်နေရာမှဝေယံ၏အသံကြောင့်သတိပြန်ဝင်လာ၏။ထို့နောက်
"အေးပါ ဝေကြီးရာ မင်းမှာလည်းမိန်းမကြီးကြနေတာဘဲ ငါ့ကိုအော်ဖို့ဘဲချောင်းနေတာ၊
အိမ်ကငါ့အမေတောင်မင်းလောက်မပွားဘူး"
VOUS LISEZ
"Love Servant"(On Going)
Fantasyအချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။