Part_20(U+Z)

1.9K 81 2
                                    

🎼🎼မဂ်လာချိန်ရက်မြတ်သို့ရောက်ခဲ့ပြီ.......
🎼🎼လက်ထပ်ပွဲလေးကျင်းပကြတော့မည်..
🎼🎼ပျော်ရွှင်ကြည့်နူးမဆုံးသောနေ့မို့......
ဘယ်အခါမမေ့မည်.......
🎼🎼 မောင်မယ်နှစ်ဦးသားပြုံးပန်းကိုယ်စီ
ပွင့်လန်းလို့နေ........

🎼🎼မဂ်လာရှိသောဧည့်ပရိတ်သတ်အရှေ့
မှာ......
🎼🎼လက်ထပ်ပွဲလေးကျင်းပကြတဲ့အခါ....
🎼🎼သေတဖန်သက်တစ်ဆုံးပေါင်းဖက်ဖို့
မေတ္တာခြွေဆုတောင်းမည် ........
🎼🎼ချစ်သက်ကြာရှည်ချမ်းမြေ့တဲ့ဘဝရ
စေ.......

အသံချဲ့စက်မှထုတ်လွှင့်လာသောမဂ်လာသီချင်းလေးကလူတိုင်း၏နားထဲတွင်နားဝင်ချိုစွာပျံ့နှံ့စေသည်။ဒါပေမဲ့လည်းသီချင်းမှပါသောစာသားတွေနှင့်လက်တွေ့အဖြစ်အပျက်များကကွဲပြားခြားနားစွာ။
ကိုကို့၏တောင်းဆိုမှုကြောင့်ဘုန်းကြီးကျောင်းမှာသာအာရုဏ်ဆွမ်းလေးကပ်ဖြစ်၏။သတိုးသားနှစ်ယောက်ဖြစ်တဲ့
ကိုကိုရယ်၊ကျွန်တော်ရယ်၊အန်တီရယ်၊အစ်ကိုသာထက်ရယ်၊ဝေယံနှင့်အန်တီ့၏
အလွန်ရင်းနှီးသောမိတ်ဆွေအချို့သာလျှင်ရှိ၏။ဇွန့်ဖေဖေနဲ့မေမေကတော့သူတို့ပြောသည့်အတိုင်းပင်ရောက်မလာခဲ့ပါ။
ကြွရောက်လာသောဧည့်သည်တစ်ပိုင်းတစ်စ
ကိုဧည့်ခံတော့လည်းကျွန်တော့်ကိုလက်ချိတ်ခွင့်လေးတောင်မပေး။ကျွန်တော်ကိုယ်တိုင်ကလည်း ကိုကို့ခွင့်ပြုချက်မပါဘဲ မထိကိုင်ရဲပါ။
ဒါကြောင့်မို့ ကို့ကို့ရဲ့နောက်ပါးမှလိုက်၍သာ
ပြုံးပြနှုတ်ဆက်ဖြစ်၏။ကျွန်တော်ပြုံးပြမနှုတ်ဆက်လို့မရ၊ဘာလို့ဆိုကိုကိုကဘာမှဝင်မ‌ပြောသလိုမျက်မှောင်ကြုတ်ကာအံကိုသာတင်းတင်းကြိတ်ထားလေသည်။မိဘစကားကိုတောင်ပယ်ချပြီးကို‌ယ်ရွေးချယ်လိုက်တဲ့သူကအခုလိုဥပေက္ခာပြုထားတော့'ဇွန်'
ကိုယ့်ကိုကိုယ် သိမ်ငယ်မိသောကြောင့်ပြုံးထားရင်းနှင့်ပင် မျက်ရည်များရစ်သိုင်းရပြန်သည်။ဒါသူကိုယ်တိုင်ရွေးချယ်ထားသည့်လမ်းမဟုတ်ပါလား။

"တောက်"

ကျယ်လောင်လှသောတောက်ခေါက်သံတစ်ခုကြောင့်ဇွန်ကိုယ်လေးတုန်တက်သွားပြီး
ကိုကို့မျက်နှာသို့မော့ကြည့်ဖြစ်ပါသည်။သူ့ကိုရွံရှာမုန်းတီးဖွယ်မျက်လုံးရဲရဲများနှင့်စိုက်ကြည့်ပြီးပါးစပ်တင်းတင်းစေ့ထားသောကိုကို

"Love Servant"(On Going)Where stories live. Discover now